ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နောက်ခံသမိုင်း
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၆) ၏ သဘောတူခွင့်ပြုချက်အရ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၆) ဖြင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာများ၊ ဝန်ဆောင်မှုများအား ပိုမိုပွင့်လင်းမြင်သာပြီး လုံခြုံစိတ်ချရသည့် အဆင်ပြေလွယ်ကူ ချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးစနစ် အကောင်အထည်ဖော်ဆောင်ရန်တို့အတွက် ဒီဂျစ်တယ်နည်းပညာအား အထောက်အကူပြုနည်းပညာတစ်ရပ်အနေဖြင့် အသုံးပြု၍ စနစ်၊ လုပ်ငန်းများအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်နိုင်ရေး လိုအပ်သော မူဝါဒများ ချမှတ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြုစုရေးဆွဲခြင်း၊ ကြီးကြပ်ခြင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း စသည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာအချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် စသည်တို့ကို ရည်ရွယ်၍ ဌာနခွဲ ၇ ခုဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
လုပ်ငန်းတာဝန်များ
(၁) မြို့ပြနှင့်ကျေးလက်မကျန် မြန်နှုန်းမြင့်အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်များ တန်းတူညီမျှရရှိနိုင်ရေး မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၂) Data Center များ၊ Cloud Computing စနစ်များနှင့် လုံခြုံစိတ်ချရသော ကွန်ရက်စနစ်များကို တည်ထောင်နိုင်ရေး မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၃) ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲပြီး ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေပြီး အစိုးရဝန်ဆောင်မှုများကို Online မှတစ်ဆင့် (One-Stop Service) မြန်ဆန်၊ လွယ်ကူ၊ ပွင့်လင်းမြင်သာစွာရရှိစေရေး မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၄) ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် e-Commerce၊ ဒီဂျစ်တယ် ငွေပေးချေမှုစနစ် (Digital Payment) နှင့် နည်းပညာအခြေပြု အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီရန် မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၅) ပြည်သူများ၏ ဒီဂျစ်တယ်နည်းပညာ အသုံးပြုနိုင်စွမ်း (Digital Literacy) နှင့် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန် လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ရန် မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၆) နိုင်ငံတော်၏ အချက်အလက်များနှင့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို အလွဲအသုံးချခြင်းမှ စနစ်တကျကာကွယ်နိုင်ရန် မူဝါဒ၊ မူဘောင်၊ စီမံချက်များ ရေးဆွဲခြင်း။
(၇) ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆောင်ရွက်ခြင်း။
(၈) ဌာနအသီးသီး၏ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှုများ အကျိုးရှိစေရေးအတွက် ကူညီစိစစ်ဆောင်ရွက်ပေးခြင်း။
(၉) ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း။
(၁၀) ဒီဂျစ်တယ်အဆင်သင့်ဖြစ်မှုကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း။
(၁၁) ခေတ်စနစ်နှင့်လျော်ညီသော ဒီဂျစ်တယ်ဥပဒေများ၊ နည်းဥပဒေများနှင့် စံချိန်စံညွှန်းများကို ရေးဆွဲပြဋ္ဌာန်းခြင်း။
(၁၂) လိုအပ်သည့် မူဝါဒ၊ မူဘောင်၊ စီမံချက်၊ ဥပဒေများ ရေးဆွဲရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတို့နှင့် လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ခြင်း။
မူဝါဒ
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရန် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက်စီမံကိန်း ချမှတ်ခြင်း၊ ဆန်းစစ်လေ့လာအကဲဖြတ်ခြင်း၊ ဒီဂျစ်တယ်နည်းပညာသစ်များ သုတေသနပြုလုပ်ခြင်းတို့ကို အဓိက ဆောင်ရွက်ရမည်။
ရည်မှန်းချက်
နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက်စီမံကိန်း ချမှတ်ခြင်း၊ ဆန်းစစ်လေ့လာအကဲဖြတ်ခြင်း၊ ဒီဂျစ်တယ်နည်းပညာသစ်များ သုတေသနပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရန်။
ဖွဲ့စည်းပုံ
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ညွှန်ကြားရေးမှူးချုပ် ၁ ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၂ ဦး တို့မှ ဦးစီး၍ ဌာနခွဲ ၇ ခု အရာထမ်း ၁၂၉ ဦး၊ အမှုထမ်း ၄၁၈ ဦး စုစု ပေါင်း ၅၄၇ ဦး ဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ခွင့်ပြုခဲ့ပါသည်။
ဆက်သွယ်ရန်လိပ်စာ
ဦးစီးဌာနအမည် - ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အမည် - ဦးသီဟမင်းထွန်း
ရာထူး - ညွှန်ကြားရေးမှူး
ဖုန်း - ၀၉-၈၈၄၈၈၄၈၈၄
Office Email - director.did.dd@e-m0ddc.gov.mm
လိပ်စာ - ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
မိုးသောက်ပန်းလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
ဌာနခွဲအမည် - ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ
အမည် - ဒေါ်ယဉ်ယဉ်ဝေ
ရာထူး - လက်ထောက်ညွှန်ကြားရေးမှူး
ဖုန်း - ၀၉-၄၂၄၀၀၀၄၇၂
Office Email - ded.dd@e-moddc.gov.mm
လိပ်စာ - ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
မိုးသောက်ပန်းလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
