ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဦးစီးဌာန/လုပ်ငန်းများ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

နောက်ခံသမိုင်း

နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့်သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သည်ဟု ခံယူထားသည်နှင့်အညီ ပြည်တွင်းရှိ ဆက်သွယ်ရေးနှင့်သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကို အသုံးပြု၍ ပိုမိုအရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ICT ကဏ္ဍတွင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ၌လည်း တိုးတက်အောင် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၆၀ ပြည့်နှစ်မတိုင်မီထိ စာတိုက်လုပ်ငန်းနှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများကို စာတိုက်ဌာန (Department of Posts) နှင့်  ကြေးနန်းဌာန (Department of Telegraph ) ဟူ၍ သီးခြားဌာနများဖြင့်  ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ စာတိုက်နှင့်ကြေးနန်းဌာန ( Posts and Telegraph Department) အဖြစ် ပူးပေါင်းဖွဲ့စည်းကာ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဌာနအကြီးအကဲမှာ ညွှန်ကြားရေးမှူးချုပ် ( Director General ) ဖြစ်ပါသည်။ ညွန်ကြားရေးမှူးချုပ်ကို စာတိုက်ညွှန်ကြားရေးမှူး ( Director of Posts ) နှင့် ကြေးနန်းဆက်သွယ်ရေးညွှန်ကြားရေးမှူး ( Director of Telecommunications ) တို့က တိုက်ရိုက်တာဝန်ခံလျက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို စာတိုက်လုပ်ငန်းအတွက် တိုင်း (၁၁) တိုင်း၊ ကြိုးမဲ့ဆက်သွယ်ရေးအတွက် တိုင်း (၂) တိုင်း၊ ကြေးနန်းဆက်သွယ်ရေးအတွက် တိုင်း (၃)တိုင်း သတ်မှတ်ပိုင်းခြား ဆောင်ရွက်ခဲ့ပါသည်။

တော်လှန်ရေးကောင်စီက ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့၌ အုပ်ချုပ်ရေးစနစ်သစ်ဖော်ဆောင်ခဲ့စဉ် ယင်းအုပ်ချုပ်ရေးစနစ်သစ်နှင့်အညီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Transport and Telecommunications) ၏ အောက်တွင် ဆက်သွယ်ရေးဆိုင်ရာ ပြည်တွင်းပြည်ပဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်လုပ်ထုံးလုပ်နည်း စသည်တို့ကို လိုက်နာစေရန် ထိန်းသိမ်းကွပ်ကဲသည့်အဖွဲ့အဖြစ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (စာတိုက်/ကြေးနန်း/တယ်လီဖုန်း ) လုပ်ကိုင်သည့် ဆက်သွယ်ရေးကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်းနှစ်ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန စတင်ဖွဲ့စည်းတည်ထောင်စဉ် မူလဖွဲ့စည်းပုံအရ အရာထမ်း ( ၉ )ဦး ၊ အမှုထမ်း( ၄၀ ) ဦး၊ စုစုပေါင်း ( ၄၉ )ဦးပါဝင်သည့် အဆင့်( ၃ ) ဦးစီးဌာနတစ်ခု ဖြစ်ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်၏ စီးပွားရေးတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတို့ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်သန်လျက် ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့မှစ၍ ယခင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအား ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မီးရထားဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ( ၃ ) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။​

ထိုစဉ်က ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန အောက်၌-

(က)  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

(ခ)   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(ဂ)   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ဟူ၍ ဦးစီးဌာန (၂)ခု နှင့် လုပ်ငန်းအဖွဲ့အစည်း (၁) ခု ထားရှိ ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၉ ခုနှစ်၊ သြဂုတ်လ(၁၉ )ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ( ၃၀ / ၉၉ ) ၏ သဘောတူဆုံးဖြတ်ချက်အရ  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအား ၁၉၉၉ ခုနှစ်၊ သြဂုတ်လ( ၂၀ ) ရက်နေ့မှစ၍  လုပ်ငန်းသဘာဝအရ ပိုမိုသင့်လျော်မှုရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအား ၁၉၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၉၉) မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၆၁) ဦး ၊ စုစုပေါင်း (၇၇) ဦး ပါဝင်သော အဆင့် (၂) ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၌ အစိုးရမှ လုပ်ကိုင်သည့်( State - owned ) စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအား လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှစ၍ (Liberalization) ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေးကဏ္ဍအား ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက် နိုင်ရန်အတွက် ဆက်သွယ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်( ၃၁ / ၂၀၁၃ )ဖြင့် ၂၀၁၃ ခုနှစ်၊အောက်တိုဘာလ( ၈ ) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေအရ ဆက်သွယ်ရေးကဏ္ဍရှိ ပြည်တွင်းပြည်ပအော်ပရေတာများကို ထိန်းကျောင်းကြပ်မတ်နိုင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း ( ၁၉၆ ) ဦး၊ အမှုထမ်း ( ၆၂၃ ) ဦး ၊ စုစုပေါင်းဝန်ထမ်းအင်အား ( ၈၁၉ ) ဦး ပါဝင်သော အဆင့် (၁) ဦးစီးဌာနအဖြစ်သို့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/ ၂၀၁၃ ) မှ တိုးမြှင့်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါသည်။

နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရှိ ( ယခင် ) ရုံးအဖွဲ့မှုးရာထူးနေရာများ၌ အမြဲတမ်းအတွင်းဝန်ဦးစီးသောရုံးအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း (၁၆၃) ဦး၊အမှုထမ်း (၅၆၆) ဦး ၊ စုစုပေါင်းဝန်ထမ်း အင်အား(၇၂၉) ဦး ပါဝင်သော အဆင့် (၁) ဦးစီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းပေးခဲ့ပြီး  ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနလက်အောက်၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းဟူ၍ ဦးစီးဌာန ( ၂ ) ခု၊ လုပ်ငန်း (၂ ) ခု အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏( ၃၀-၆-၂၀၁၆ ) ရက်စွဲပါ အမိန့် အမှတ်(၃/၂၀၁၆)အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသဖြင့် လက်ရှိတွင် ဝန်ကြီးဌာနလက်အောက်၌ ဦးစီးဌာန( ၈ )ခု ၊ လုပ်ငန်း( ၈ ) ခု ၊ တက္ကသိုလ်( ၁ )ခု၊ ကောလိပ်( ၁ ) ခုနှင့် ကျောင်း( ၁ )ကျောင်းတို့နှင့် အတူရပ်တည်ခဲ့ရပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်‌နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးတွင် ယခင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဝန်ကြီးဌာနလက်အောက်၌ ဦးစီးဌာန (၅) ခု၊ လုပ်ငန်း (၂) ခု တို့နှင့်အတူ ရပ်တည်လျက်ရှိပါသည်။

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသောညွှန်ကြားရေးမှူးချုပ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်

Website လိပ်စာ

www.ptd.gov.mm

မူဝါဒ

(၁) ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ စံသတ်မှတ်ချက်များနှင့်အညီ အခြေခံအဆောက်အဦများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်၍ ဆန်းသစ်တီထွင်မှုရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဆောင်ရွက်စေခြင်းဖြင့် အများပြည်သူ၏ လူမှုစီးပွားအခြေအနေများ တိုးတက်လာစေရန်၊

(၂) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ တိုးတက်ပြောင်းလဲလာစေရေး ဆောင်ရွက်သွားရန်၊

(၃) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကျေးလက်နှင့် မြို့ပြဒေသများအားလုံး ဖြန့်ကျက်သုံးစွဲနိုင်ရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်သွားရန်၊

(၄) မြန်မာနိုင်ငံတစ်ဝှမ်းမှ မည်သူမဆို ဆက်သွယ်မှုအခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်သွားရန်။

ရည်မှန်းချက်

အရည်အသွေးကောင်းမွန်သော ဆက်သွယ်​ရေးဝန်ဆောင်မှုများကို သင့်တင့်သောဈေးနှုန်းဖြင့် နိုင်ငံတဝှမ်းလုံး ရရှိအသုံးပြုနိုင်ရေးအတွက် ပြည်တွင်းပြည်ပဆက်သွယ်​ရေးကုမ္ပဏီများကို ပွင့်လင်းမြင်သာမှုရှိသော ယှဉ်ပြိုင်မှုများဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

လုပ်ငန်းတာဝန်

(၁) စာပို့တိုက်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း၊ ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းနှင့် ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း။

(၂) ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဆက်သွယ်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း။

(၃) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်များကို ဥပဒေနှင့်အညီ ချထားပေးခြင်းနှင့် သက်ဆိုင်ရာလိုင်စင်အခွန်အခများကို ကောက်ခံခြင်း။

(၄) ရေဒီယိုလှိုင်းနှုန်းစဉ် သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်အခကောက်ခံခြင်းနှင့် ရေဒီယိုဆက်သွယ်ရေးအော်ပရေတာ စာမေးပွဲစစ်ဆေးခြင်း။

(၅) ဆက်သွယ်ရေးနံပါတ်နှင့် အီလက်ထရောနစ်လိပ်စာများ လျာထားသတ်မှတ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အခွန်အခကောက်ခံခြင်း။

(၆) အော်ပရေတာများမှ အဆိုပြုတင်ပြလာသည့် ဆက်သွယ်ရေးဝန်ဆောင်ခ နှုန်းထားများကို စိစစ်၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း။

(၇) ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းတို့အတွက် လိုအပ်သော စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း။

အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund) ကို အသုံးပြု၍ ကျေးလက်နှင့်ဝေးလံခေါင်ဖျားဒေသရှိ ပြည်သူများအား အခြေခံဆက်သွယ်ရေး မဟာဗျူဟာပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း။

ဖွဲ့စည်းပုံ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် အရာထမ်း (၉) ဦး ၊ အမှုထမ်း (၄၀) ဦး ၊ စုစုပေါင်း (၄၉) ဦး ပါဝင်သော အဆင့် (၃) ဦးစီးဌာနဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၉၉) မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၆၁) ဦး ၊ စုစုပေါင်း (၇၇) ဦး ပါဝင်သော အဆင့် (၂) ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၃/ ၂၀၁၃ ) မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း (၁၉၆) ဦး၊ အမှုထမ်း ( ၆၂၃ ) ဦး ၊ စုစုပေါင်းဝန်ထမ်း (၈၁၉) ဦး ဖြင့် အဆင့် (၁) ဦးစီးဌာနအဖြစ်သို့ တိုးမြှင့်ပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ( ၂ /၂၀၁၅ ) မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း (၁၆၃) ဦး၊အမှုထမ်း (၅၆၆) ဦး ၊ စုစုပေါင်းဝန်ထမ်း (၇၂၉) ဦးဖြင့် အဆင့်(၁) ဦးစီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဆက်သွယ်ရန်လိပ်စာ

ဌာနခွဲဦးစီးဌာနအမည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
အမည် ဦးမျိုးဆွေ
ရာထူး ညွှန်ကြားရေးမှူးချုပ်
ဖုန်း ၀၆၇-၃၄၀၇၂၂၅
Email dg.ptd@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် စီမံရေးနှင့်ဘဏ္ဍာရေးဌာနကြီး
အမည် ဦးသန်းထွန်းအောင်
ရာထူး ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖုန်း ၀၆၇-၃၄၀၇၄၃၅
Email uthanhtunaung@e-moddc.gov.mm/td>
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ဥပဒေ၊ လိုင်စင်နှင့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဌာနကြီး
အမည် ဦးစိုးနိုင်
ရာထူး ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖုန်း ၀၆၇-၃၄၀၇၂၂၆၅
Email usoenaing@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် အရင်းအမြစ်၊ရေဒီယိုလှိုင်းနှုန်းစဉ်ကြီးကြပ်ရေးဌာနကြီး
အမည် ဦးဇာနည်အောင်
ရာထူး ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖုန်း ၀၆၇-၃၄၀၇၄၃၈
Email uzarniaung@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် စီမံရေးရာဌာန
အမည် ဦးအောင်သင်းဦး
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း -
Email ptd.admindir@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် ဘဏ္ဍာရေးဌာန
အမည် ဦးအောင်အောင်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၄၉၈
Email ptd.admindir@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန
အမည် ဒေါ်နီနီဟန်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၂၃၁
Email dawninihan@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် ဥပဒေဌာန
အမည် ဒေါ်ယုယုနိုင်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၇၈၃
Email dawyuyunaing@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် လိုင်စင်နှင့်စစ်ဆေးရေးဌာန
အမည် ဒေါ်ဝါဝါလွင်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၆၇၄
Email dawwarwarlwin@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် အရင်းအမြစ်စီမံခန့်ခွဲမှုဌာန
အမည် ဦးမင်းမင်းထွဋ်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၆၄၀
Email uminminhtut@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာန
အမည် ဦးကျော်ဦး
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၀၇၂၉၄
Email ukyawoo@e-moddc.gov.mm
လိပ်စာ ရုံးအမှတ် (၂)၊နေပြည်တော်။
ဌာနခွဲအမည် ပြည်ထောင်စုနယ်မြေရုံးခွဲ၊နေပြည်တော်
အမည် ဒေါ်သဉ္ဇာကျော်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၆၇-၃၄၅၅၀၄၈၃
Email dawthinzarkyaw@e-moddc.gov.mm
လိပ်စာ နေပြည်တော်ကောင်စီနယ်မြေ။
ဌာနခွဲအမည် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ
အမည် ဦးနေလင်းထွန်း
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း ၀၁-၃၉၁၈၃၈
Email unaylinhtun@e-moddc.gov.mm
လိပ်စာ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ။
ဌာနခွဲအမည် မွန်ပြည်နယ်ရုံးခွဲ၊မော်လမြိုင်မြို့
အမည် ဦးထွန်းထွန်းနိုင်
ရာထူး ညွှန်ကြားရေးမှူး
ဖုန်း -
Email utuntunnaing@e-moddc.gov.mm
လိပ်စာ မွန်ပြည်နယ်ရုံးခွဲ
ဌာနခွဲအမည် မကွေးတိုင်းဒေသကြီး(ရုံးခွဲ)
ဖုန်း -
Email dispatch.magway@e-moddc.gov.mm
လိပ်စာ မကွေးတိုင်းဒေသကြီး ၊မကွေးမြို့။
တိုင်ကြားစာလက်ခံဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
Email complaint@ptd.gov.mm
Website https://ptd.gov.mm