ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဝန်ကြီးဌာနအကြောင်း

ပြည်ထောင်စုဝန်ကြီးရုံး

မူဝါဒ

(၁) နိုင်ငံတစ်ဝန်းရှိ လူတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် နည်းပညာများအား လက်လှမ်းမီ အသုံးပြုနိုင်စွမ်းရှိစေရန်။

(၂) အစိုးရဝန်ဆောင်မှုများကို ပြည်သူများလွယ်ကူစွာရရှိစေရန်နှင့် အစိုးရဌာနတွင်းလုပ်ငန်းစဉ်များ ခေတ်မီစေရန်။

(၃) ဒီဂျစ်တယ်စနစ်များကို အသုံးပြုရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန်။

(၄) စီးပွားရေးကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာအား ပိုမိုအသုံးပြုနိုင်စေရန်။

(၅) အဆင့်မြင့်ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာများကိုအသုံးချနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်။

(၆) နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် သတင်းအချက်အလက်နည်းပညာရှင်များ ပြုစုပျိုးထောင်ပေးရန်။