ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဝန်ကြီးဌာနအကြောင်း

ပြည်ထောင်စုဝန်ကြီးရုံး

လုပ်ငန်းတာဝန်များ

(၁) ဒီဂျစ်တယ်နှင့်ဆက်သွယ်ရေးကဏ္ဍတိုးတက်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း စသည်တို့ကို ရေးဆွဲဆောင်ရွက်ခြင်း။

( ၂ ) နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမဟာဗျူဟာ ချမှတ်ခြင်း၊ လုပ်ငန်းစီမံကိန်းများရေးဆွဲခြင်း၊ ဆန်းစစ်လေ့လာအကဲဖြတ်ခြင်း၊ ဒီဂျစ်တယ်နည်းပညာသစ်များ သုတေသနပြုလုပ်ခြင်း။

( ၃ ) အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများအလွယ်တကူရရှိစေရန်နှင့် အစိုးရ၏လုပ်ငန်းစဉ်များကို ခေတ်မီစေရေး ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

(၄) နိုင်ငံတော်၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အဆင့်မြင့်နည်းပညာများ အသုံးချနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
( ၅ ) ဆက်သွယ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိသော ယှဉ်ပြိုင်မှုများဖြင့် ပုဂ္ဂလိကပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပြီး နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးကွန်ရက်များ လွှမ်းခြုံနိုင်ရေး ဆောင်ရွက်ခြင်း။
(၆) မြန်မာနိုင်ငံ၏ ဆိုက်ဘာနယ်နိမိတ်အတွင်း ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုများကို စောင့်ကြည့်တုံ့ပြန်ခြင်း၊ ဆိုက်ဘာအလွဲသုံးစားပြုမှုများကို တားဆီးခြင်း၊ ဆိုက်ဘာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
( ၇ ) အရည်အသွေးမြင့်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို သင့်တင့်သည့်နှုန်းထားဖြင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်း။
(၈) အရည်အသွေးပြည့်မီသော စာတိုက်ဝန်ဆောင်မှုများကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ခေတ်မီနည်းပညာများသုံးစွဲပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူများကိုဝန်ဆောင်မှုပေးရန် ဆောင်ရွက်ခြင်း။