Blockchain နည်းပညာအကြောင်းတစ်စေ့တစ်စောင်း
Block Chain Technology သည် နည်းပညာသမားတွေသာမက နိုင်ငံခေါင်းဆောင်ပိုင်း အဖွဲ့အစည်းခေါင်းဆောင်းပိုင်းတွေကစပြီး မြင်နေတွေ့နေကြပြီးတော့ စိတ်ဝင်စားနေကျပြီဖြစ်ပါသည်။ အကယ်၍ စာဖတ်သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် Crypto
Block Chain Technology သည် နည်းပညာသမားတွေသာမက နိုင်ငံခေါင်းဆောင်ပိုင်း အဖွဲ့အစည်းခေါင်းဆောင်းပိုင်းတွေကစပြီး မြင်နေတွေ့နေကြပြီးတော့ စိတ်ဝင်စားနေကျပြီဖြစ်ပါသည်။ အကယ်၍ စာဖတ်သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် Crypto currency ကို စိတ်ဝင်စားခဲ့သူဆိုရင်တော့ Blockchain ဆိုတဲ့ ဝေါဟာရကို ကြားဖူးပါလိမ့်မယ်။ Crypto ကမ္ဘာမှာတော့ Blockchain ကို ကောင်းကောင်းသိကြပါတယ်။
Block chain ဆိုတာ ကြားဖြတ်ပြင်ဆင်လို့မရအောင် ရှေ့နောက်ချိတ်ဆက်တဲ့နည်းနှင့် မှတ်တမ်းတင်ထားတဲ့စာရင်းတစ်မျိုးပါ။ သူ့ချည်းသက်သက်ဆိုရင် ရှုပ်ထွေးမှုမရှိလှပါဘူး။ နားလည်ရ လွယ်ပါတယ်။ Blockchain ဆိုတာကတော့ မိမိရဲ့ Information တွေကို တခြားလူ hack, cheat, stole မရအောင် ထိန်းသိန်းပေးတဲ့ system တစ်ခုအနေနဲ့ အကြမ်းဖျင်းသိရှိထားနိုင်ပါတယ်။ Blockchain ကို ဒီထက်ပိုပြီး အသေးစိတ်ပြောရမယ်ဆိုလျင် ၎င်း၏ အသွင်းအထုတ်ဖြစ်စဥ် အားလုံးနှင့် network တည်ရှိရာ နေရာအားလုံးကို အသိပေးနိုင်သော Digital Ledger တစ်ခုအဖြစ်လည်း သိရှိနိုင်ပါတယ်။ တစ်ဦးတစ်ယောက်တည်းက စာရင်းများကို ချုပ်ကိုင်ထားခြင်းမဟုတ်ပဲ ဖြန့်ဝေချုပ်ကိုင်ထားတာကြောင့် Decentralized Ledger Technology အဖြစ် လူသိများပြီး Transitions များကို Harsh လို့ခေါ်တဲ့ Cryptographic Signature တစ်ခုနဲ့ သိမ်းထားလေ့ရှိပါတယ်။ ဒါကြောင့် မသမာသူများအနေနှင့် အချက်အလက်များကို ခိုးယူလိုပါက မရိပ်မိစေရန် သိန်းသန်းချီသော Network များကိုပါ လိုက်ပြောင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုးယူခံရရန် မဖြစ်နိုင်ခြင်းဖြစ်ပါတယ်။ ကမ္ဘာကျော် Cryptocurrency brand များ ဖြစ်တဲ့ Bitcoin နှင့် Ethereum တို့ဟာလည်း ၎င်းတို့၏ Block များကို Chain ထဲ ထည့်ထားနိုင်တာကြောင့် လုံခြုံရေးကို စိတ်ချသွားနိုင်ကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Blockchain ဆိုတာက ဖြန့်ကျက်ထားတဲ့ နည်းပညာစာရင်းစာအုပ် (လယ်ဂျာစာအုပ်) ဖြစ်ပြီး အရာရာကို ပြောင်းလဲနိုင်တဲ့အလားအလာနဲ့အတူ ကမ္ဘာကြီးဆီ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ Blockchain နည်းပညာဟာ ငွေကြေးကို သိမ်းဆည်းနိုင်ခြင်း၊ မှတ်တမ်းတွေကို တိုးချဲ့မှတ်သားနိုင်ခြင်းနဲ့ နည်းပညာကဏ္ဍကို မတူခြားနားအောင် အသွင်ပြောင်းနိုင်ခြင်း စတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။
Blockchain က ထူးခြားတယ်ဆိုရင် ဘယ်လိုအလုပ်လုပ်တာလဲလို့ မေးကောင်းမေးမိပါလိမ့်မယ်။ အခုဖော်ပြမဲ့လမ်းညွှန်က Blockchain ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်တယ်၊ မတူညီတဲ့ရည်ရွယ်ချက် တွေအတွက် ဘယ်လိုအသုံးပြုတယ်ဆိုတာကို အနည်းငယ်နားလည်သွားစေမယ်လို့ မျှော်လင့်မိပါတယ်။
Blockchain နည်းပညာဆိုတာ ဘာလဲ
အလွယ်ပြောရရင် Blockchain ဟာ Database ပါပဲ။ Blockchain ကိုနားလည်ဖို့ဆိုရင် Database ကို အရင်ဦးဆုံး နားလည်ရပါမယ်။ Database ဆိုတာ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ထည့်သွင်းထားပြီး ရှာဖွေရ လွယ်ကူစေဖို့ စစ်ထုတ်မှုပုံစံတွေလည်း ထည့်သွင်းထားပါတယ်။ ဒါဆိုရင် Spreadsheets နဲ့ Database ဘာကွာခြားလဲဆိုပြီး မေးစရာရှိလာပြန်ပါတယ်။ Spreadsheets တွေဟာ လူတစ်ဦး ဒါမှမဟုတ် အဖွဲ့ငယ်တွေရဲ့ ဒေတာသိုလှောင်မှုနဲ့ ရယူမှုအတွက် ရည်ရွယ်ပါသည်။ အခြားတစ်ဖက်မှာတော့ Database သည် သုံးစွဲသူအမြောက်အများက တစ်ပြိုင်နက် သုံးစွဲကြည့်ရှုနိုင်၊ အချက်အလက်တွေ စစ်ထုတ်နိုင်၊ ပြုပြင်မွမ်းမံနိုင်တဲ့အချက်အလက်ပမာဏများစွာကို သိုလှောင်ထားဖို့ ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထုထည်ကြီးမားလွန်းတဲ့ Database တွေကတော့ စွမ်းရည်မြင့်မားလွန်းတဲ့ Computer Server တွေပေါ်မှာအချက်အလက်တွေကို သိုလှောင်ထားခြင်းနဲ့ အလုပ်လုပ်ကြပါတယ်။ ကွန်ပျူတာရာပေါင်းများစွာ၊ ဒါမှမဟုတ် ထောင်ပေါင်းများစွာကို အသုံးပြုနိုင်ဖို့ ဒီ Server တွေကို တည်ဆောက်ထားပါသည်။ များစွာသော အသုံးပြုသူတွေကိုလည်း Database ကို တပြိုင်နက် သုံးနိုင်တာလည်း ဖြစ်ပါတယ်။
Spreadsheets ဒါမှမဟုတ် Database ကို ဘယ်သူမဆို Access လုပ်နိုင်ပေမဲ့၊ ယေဘုယျအားဖြင့်တော့ ဒါကိုကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး၊ လုပ်ဆောင်မှုနဲ့ အချက်အလက်တွေအပေါ် အပြည့်အဝ လုပ်ပိုင်ခွင့်ရှိသူ တစ်ဦးက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ သာမန်လူ နားလည်အောင်ပြောရရင် Blockchain ဟာ မပြောင်းလဲနိုင်တဲ့ (မပြောင်းလဲနိုင်၊ လွှဲပြောင်းမှု ဒါမှမဟုတ် မှတ်တမ်းတင်ပြီးသား ဖိုင်ကို အပြောင်းအလဲ မလုပ်နိုင်ခြင်း ကိုဆိုလို)ဒေတာစီးရီးကို အချိန်အားဖြင့် တံဆိပ်ခတ်နှိပ်ထားတာမျိုးဖြစ်သည်။ ပြီးတော့ တစ်စုံတစ်ခုကို ဗဟိုပြုထားတဲ့ စနစ်မဟုတ်ဘဲ ကွန်ပျူတာမျိုးစုံကနေ ကွန်ရက်ကို စီမံခန့်ခွဲတာမျိုး ဖြစ်တယ်။ အဆိုပါကွန်ရက်က Data တွေကို Encrypt လုပ်ဖို့အတွက် Cryptographic encryption ကို အသုံးပြုပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှု တစ်ခုအောက်မှာ ရှိမနေတဲ့ ဗဟိုချုပ်ကိုင်မှုမဲ့စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် Blockchain မှာရှိတဲ့ အရာအားလုံးဟာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပါတယ်။ ကွန်ရက်ပေါ်က အချက်အလက်ကို ပြောင်းလဲ၊ မိတ္တူကူး၊ ဖျက်စီးတာမျိုး ပြုလုပ်လို့လည်း မရပါဘူး။ ကွန်ရက်ပေါ်မှာ ရှိသူတိုင်းက Data လွှဲပြောင်းမှုတိုင်းကို တွေ့မြင်နိုင်ပါတယ်။
Blockchain နည်းပညာ ဘယ်လိုအလုပ်လုပ်သလဲ
Google Spreadsheet လိုမျိုး Web-based spreadsheet တွေ၊ ဒါမှမဟုတ် Documents တွေနဲ့ အလုပ်လုပ်ဖူးပါသလား။ အသုံးပြုသူထောင်ပေါင်းများစွာဆီ မျှဝေထားတဲ့ Spreadsheet တစ်ခုလို့ စဉ်းစားလိုက်ပါ။ ဒီ Spreadsheet ထဲမှာ ဘယ်သူဘာလုပ်ထားတယ်ဆိုတာကို လူတိုင်းမြင်နိုင်ပါတယ်။ Blockchain ကတော့ Google Spreadsheet ထက် အများကြီး ရှုပ်ထွေးတာ အမှန်ပါပဲ။ သို့ပေမယ့် နည်းပညာရဲ့ မရှိမဖြစ် လိုအပ်တဲ့ သဘောတရားသုံးခုဖြစ်တဲ့ Blocks, miners နဲ့ nodes စတာတွေကို သရုပ်ဖော် နိုင်တာကြောင့် Analogy ဆက်စပ်မှု ရှိနေပါတယ်။
Blocks
Block တစ်ခုဟာ လက်ရှိပစ္စုပ္ပန်ကို ကိုယ်စားပြုပြီး အတိတ်နဲ့အနာဂတ်ရဲ့ Data တွေ ပါဝင်နေပါတယ်။ Block တစ်ခု ဆုံးခန်းတိုင်သွားရင် ဒါဟာအတိတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Blockchain စနစ်မှာ Block သစ်တစ်ခုအတွက် လမ်းစလည်း ဖြစ်လာပါတယ်။ ဆုံးခန်းတိုင်သွားတဲ့ Block ဟာ ပြီးခဲ့တဲ့ ရောင်းဝယ်လွှဲပြောင်းခြင်းကိစ္စအတွက် မပျက်ပြယ်တော့တဲ့ မှတ်တမ်းတစ်ခုသွားပြီး နောက်ထပ်အသစ်တစ်ခုကိုလည်း လက်ရှိတစ်ခုမှာပဲ ဆက်ပြီးမှတ်ထားတာမျိုး ဖြစ်ပါတယ်။ ရလဒ်ကတော့ စနစ်တစ်ခုလုံးဟာ အဖန်ဖန် ပြန်ကျော့နေတာပါပဲ။ Data ကိုတော့ အပြီးအပိုင်သိမ်းဆည်းထားပါတယ်။ Block တိုင်းဟာ ပြီးခဲ့တဲ့ ရောင်းဝယ်လွှဲပြောင်းမှတ်တမ်းတွေ ပါဝင်ပါတယ်။ ဒီမှတ်တမ်းတွေ မတိုင်မီ တည်ရှိနေတာကိုတော့ Block လို့ပဲ ရည်ညွှန်းပါတယ်။ အသုံးပြုသူလည်း အရင်က မှတ်တမ်းတင်ထားတဲ့ ရောင်းဝယ်လွှဲပြောင်းခြင်းကိစ္စကို ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ ဒီ Chain တစ်ခုတိုင်းကို Block အမြောက်အများနဲ့ ဖွဲ့စည်းထားပြီး တစ်ခုစီမှာလည်း အဓိက Elements သုံးခုရှိပါတယ်။
၁။Block ထဲမှာ Data ရှိပါတယ်။
၂။Nonce ဟာ 32-bit နံပါတ် ဖြစ်ပါတယ်။ Block တစ်ခုကို ဖန်တီးတဲ့အခါ Nonce က ကျပန်းဖြစ်ပြီး ရလဒ်အနေနဲ့ Block header generation ဖြစ်စေပါတယ်။
၃။Hash ကတော့ 256-bit နံပါတ်ဖြစ်ပြီး Nonce ကို ချိတ်ဆက်ထားပါတယ်။ ဒါဟာ သုညနံပါတ်အများကြီးနဲ့ စတင်ရပါမယ်။ Chain ရဲ့ ပထမဆုံး Blockကို တည်ဆောက်တဲ့အခါ Nonce က Cryptographic hash ကို ဖန်တီးပါတယ်။ Mine လုပ်ပြီးတာနဲ့ Block ထဲက Data က အသိအမှတ်ပြုပြီး Nonce နဲ့ Hash တို့ကို အစဉ်အမြဲ ချိတ်ဆက်ထားလိုက်ပါတော့တယ်။
Miners
Mining ဟာ Miner တွေက Chain ဆီကို Block အသစ်တွေ ထပ်ထည့်တဲ့ဖြစ်စဉ်တစ်ခုပါပဲ။ Blockchain တစ်ခုက Block တစ်ခုစီမှာ သူ့ရဲ့အတုမရှိတဲ့ Hash နဲ့ Nonce ပါရှိပါတယ်။ သို့ပေမဲ့ ဒါဟာ Chain က နောက်ဆုံး Block ရဲ့ Hash ကို ရည်ညွှန်းပါတယ်။ Block ကို Mining လုပ်ခဲပါတယ်။ အထူးသဖြင့် ကြီးမားတဲ့ Chain တွေမှာပါ။ Miner တွေဟာ Accepted Hash တစ်ခု ဖြစ်ပေါ်အောင် ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာကို ဖြေရှင်းဖို့အတွက် အထူး Software ကို အသုံးပြုကြပါတယ်။ အကြောင်းအရင်းက Hash ဟာ 256 bits ဖြစ်ပြီး Nonce က 32 bits ဖြစ်တာကြောင့် အမှန်တစ်ခုကို မတွေ့ခင်မှာ Nonce-hash ပေါင်းစပ်မှု ၄ ဘီလီယံနီးပါးကို Mine လုပ်ရပါတယ်။
ဒီဖြစ်ရပ်တွေက Miner တွေဟာ” Golden nonce” ကို ရှာဖွေတွေ့ရှိဖို့လို့ ပြောကြတာပါ။ အဲဒီကစပြီး သူတို့ရဲ့ Block ကို Chain ထဲ ထည့်လိုက်တော့တာပဲ ဖြစ်ပါတယ်။ အစောပိုင်း Chain အတွင်းမှာ Block ကို ပြုပြင်မွမ်းမံမယ်ဆိုရင် re-mining လုပ်ဖို့ လိုအပ်ပြီး Block တွေရဲ့ နောက်ပိုင်း ကွင်းဆက်တွေကိုပါ ဖြစ်စေပါတယ်။ ဒါကပဲ Blockchain နည်းပညာဟာ ကြိုးကိုင်ဖို့ ခက်ခဲရတဲ့ အကြောင်းအရင်းလို့ ဆိုရမှာပါ။
Goldennonce တွေကိုရှာဖွေရတာဟာ အချိန်အများကြီးယူပြီး အရင်းအမြစ်တွေကို စီမံဆောင်ရွက်ရတာကြောင့်” Safety in math” အဖြစ် စဉ်းစားနိုင်ပါတယ်။ Block က အောင်အောင်မြင်မြင်နဲ့ တူးဖော်နိုင်ပြီဆိုရင်တော့ ဒါကို ကွန်ရက်ပေါ်က Nodes တွေ အားလုံးက အသိအမှတ်ပြုပြီး Miner ကတော့ အဖိုးအခ ရရှိပါလိမ့်မယ်။
Nodes
ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းဆိုတာဟာ Blockchain နည်းပညာမှာအရေးပါလွန်းတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ Chain ကို ပိုင်ဆိုင်တာမျိုး မရှိပါဘူး။ အဲ့ဒီအစား Chain ရဲ့ Nodes တွေက တစ်ဆင့်စာရင်းတွေကို ဖြန့်ထားလိုက်တာပါ။ ဒါတွေကပဲ Blockchain ရဲ့ မိတ္တူတွေကို သိမ်းဆည်းထားတဲ့ နည်းပညာဆိုင်ရာ Device တွေပဲဖြစ်ပြီး ကွန်ရက်ကိုလည်း လည်ပတ်စေပါတယ်။ ကွန်ရက်ကတော့ Update, trust နဲ့ Chain ကိုအတည်ပြုဖို့ဘယ် Mined block အသစ်ကိုမဆို အယ်လ်ဂိုရီသမ်ကျကျ လက်ခံရမှာဖြစ်ပါတယ်။ အကြေားင်းကတော့ Blockchain တွေဟာ ပွင့်လင်းမြင်သာတာကြောင့် လွှဲပြောင်းမှုတိုင်းကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ပါတယ်။ အသုံးပြုသူတိုင်းဟာ သီးခြားစီဖြစ်တဲ့ အက္ခရာဂဏန်းမှတ်ပုံတင်နံပါတ်ကို ရရှိပါတယ်။ အချုပ်အားဖြင့်ပြောရရင် Blockchains တွေဟာ ယုံကြည်မှုရဲ့ နည်းပညာဆိုင်ရာ ပြောင်းလဲနိုင်စွမ်းကို အခြေခံအားဖြင့်လိုအပ်ပါတယ်။ ဒါနဲ့အတူ စီးပွားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးနဲ့ အခြားထုတ်လုပ်မှုနယ်ပယ်တွေရဲ့ လိုလားချက်တွေကိုလည်း လက်ခံရရှိလာပါတော့တယ်။
The consensus of Blockchain System
Blockchain ကွန်ရက်တွေဟာ မျှော်လင့်ထားတဲ့ အရင်းအမြစ်တွေနဲ့ အလိုရှိတဲ့ရလဒ်တွေကို ဖန်တီးနိုင်ရန်ရှိပြီးသား Blockchains ကြားက သဘောတူညီမှု ယန္တရားပေါ် မူတည်နေတယ်။ အချုပ်အားဖြင့် Blockchain သဘောတူညီမှု ယန္တရားဟာ ကွန်ရက်ပေါ်က Node အားလုံးကို တစ်ပြိုင်နက်လုပ်ဆောင်ပြီး လွှဲပြောင်းပေးမှုတွေ မှန်ကန်ကြောင်း သေချာစေဖို့ ကူညီပေးပါတယ်။ Blockchain ကွန်ရက်အနေနဲ့ Nodes တွေ အားလုံးဟာ တူညီတဲ့ကွန်ရက်တစ်ခုထဲမှာရှိနေပြီး လွှဲပြောင်းမှုတွေအားလုံးကိုလည်း ပုံမှန်စစ်ဆေး ကြောင်း သေချာစေဖို့အတွက် အဆိုပါသဘောတူညီမှု ယန္တရားတွေ လိုအပ်ပါတယ်။ ဒီနေရာမှာ Mining process တွေကြား Blockchain သဘောတူညီမှု ယန္တရားအမျိုးမျိုးတွေ ရှိနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ အဓိအားဖြင့် ခွဲခြမ်းနိုင်တာကတော့ ၈ မျိုး ဖြစ်ပါတယ်။
၁။Proof of Work
Proof of Work (PoW) ကို Mining လို့ လူသိများပါတယ်။ Miner တွေကတော့ Node တွေပါ။ Mine အတွက် Computing power အများကြီး လိုအပ်ပါတယ်။ Miner တွေက GPU mining, CPU mining, FPGA mining, ASIC mining နဲ့ အခြားအမျိုးအစား mining နည်းပညာအမျိုးမျိုးကို အသုံးပြုကြပါတယ်။ Miner တစ်ဦးက သင်္ချာပဟေဠိတစ်ခုကို ပထမဆုံးဖြေရှင်းနိုင်ရင် block တစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အလားတူပဲ ပြသနာတွေဖြေရှင်းဖို့ စမ်းသပ်ခြင်းတွေနဲ့ မှားယွင်းခြင်းတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် Miner တွေဟာ အဖြေတွေကို အလျင်အမြန် ဖော်ထုတ်ဖို့အတွက် ကွန်ပျူတာစွမ်းအားကို ပိုပြီးလိုအပ်ပါတယ်။
၂။Proof of Stake
Proof of Stake (PoS) က လာမဲ့ Block ကို ပြုလုပ်ဖို့ ဘယ်သူက အရည်အချင်းပြည့်မီကြောင်း ဆုံးဖြတ်ဖို့ စနစ်ကျတဲ့ လုပ်ငန်းစဉ်ကို အသုံးပြုပါတယ်။ Blockchain အသုံးပြုသူတွေဟာ Validators ဖြစ်လာဖို့နဲ့ Validator ဖြစ်လာပြီးတဲ့နောက် Block တွေကို ဖန်တီးဖို့အတွက် သူတို့ရဲ့ တိုကင်တွေကို Lock ချထားနိုင်ပါတယ်။ Blockchain ရဲ့ ဒီဇိုင်းပေါ်မူတည်ပြီး Validator တွေကို ရွေးချယ်ပါတယ်။ ထူးခြားတဲ့ Stake ဒါမှမဟုတ် Coins တွေနဲ့ အသုံးပြုသူက အချိန်အကြာဆုံး Block သစ်တစ်ခု ဖန်တီးနိုင်တဲ့ အလားအလာ ပိုများပါတယ်။
၃။Delegated Proof of State
အသုံးပြုသူတေဟာ သူတို့ရဲ့ Coin တွေကို ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အသုံးပြုသူတွေရဲ့ မဲတွေပါပဲ။ ဥပမာအားဖြင့် X stakes က ကိုယ်စားပြုသူအတွက် Coin 20 ရင်းနှီးမြှုပ်နှံပြီး Y stakes ကတော့ 2 Coin ပဲဆိုရင် X ရဲ့ မဲအရေအတွက်က Y ထက်ပိုပြီးများပါတယ်။ မဲအများဆုံးရသူကတော့ နောက်ထပ် Blocks သစ်တွေ ဖန်တီးနိုင်ပါတယ်။ အခြား Blockchain သဘောတူညီမှုဖြစ်စဉ်တွေမှာလည်း ဒီလိုမျိုး Proof of Stake ရှိပြီး Delegate တွေက ပေးဆောင်ရတဲ့ လွှဲပြောင်းမှု အဖိုးအခ ဒါမှမဟုတ် Cryptocurrencies တွေပဲ ဖြစ်ပါတယ်။
၄။Proof of Elapsed Time
Proof of Elapsed Time ဖြစ်စဉ်ဟာ Block အသစ်တစ်ခု ထုတ်လုပ်သူကို ကျပန်းနဲ့ သူတို့ရဲ့ စောင့်ဆိုင်းချိန်ပေါ် မူတည်ပြီး မျှတအောင် ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ စနစ်ဟာ သုံးစွဲသူတစ်ဦးစီအတွက် ကျပန်းစောင့်ဆိုင်းချိန်ကို သတ်မှတ်ပေးပြီး စောင့်ဆိုင်းချိန် ကုန်သွားတဲ့ အသုံးပြုသူကို Block သစ်ဖန်တီးခွင့် အရင်ပေးပါတယ်။ ဘယ်အသုံးပြုသူကမှ Node အများအပြားကို တစ်ပြိုင်နက် Operate မလုပ်နိုင်ဘဲ စောင့်ဆိုင်းချိန်ကလည်း အမှန်တကယ်ကို ကျပန်း ဖြစ်ပါတယ်။
၅။Proof of Capacity
Proof of Capacity ဟာ Hard discs တွေလိုမျိုး ဒီဂျစ်တယ် သိုလှောင်မှုကိရိယာတွေထဲမှာ ရှုပ်ထွေးတဲ့သင်္ချာအဖြေတွေကို သိမ်းဆည်းထားပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးကို plotting (ဇာတ်ကွက်ချခြင်း) လို့ သိကြပါတယ်။ သင်္ချာပဟေဠိအဖြေတွေကို သိမ်းဆည်းပြီးတဲ့နောက် သိုလှောင်ကိရိယာတွေကို Block တွေ ဖန်တီးဖို့အတွက် အသုံးပြုပါတယ်။ အဖြေကို ပထမဆုံးရှာတဲ့အသုံးပြုသူက Block သစ်ကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သိုလှောင်မှုအများဆုံးရှိသော Block သစ်တစ်ခုကို ဖန်တီးဖို့ အလားအလာ ပိုများပါတယ်။
၆။Proof of Identity
Proof of Identity ကတော့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာသော့ကို တရားဝင်အထောက်အထားတစ်ခုနဲ့ နှိုင်းယှဉ်ပါတယ်။ ဒါကြောင့် သက်သေခံအထောက်အထားဟာ အသုံးပြုသူရဲ့ Private key နဲ့ လွှဲပြောင်းမှုတစ်ခုကြားက လျှို့ဝှက်ချိတ်ဆက်မှု တစ်ခုဖြစ်ပါတယ်။ Blockchain ကွန်ရက်မှာ ဘယ်သူမဆို Data block ကို ဖန်တီးနိုင်သလို၊ ကြည့်ရူ့နိုင်ပါသည်။ Proof of Identity က Data ခိုင်မာမှုနဲ့ စစ်မှန်မှုကို သေချာစေပါတယ်။ Smart City တွေမှာ နိုင်ငံသားအထောက်အထားကို သက်သေပြဖို့ Blockchain ရဲ့ သဘောတူညီမှုနည်းပညာကို အသုံးပြုနိုင်ပါတယ်။
၇။Proof of Authority
Proof of Authority ယန္တားရားဟာ ရင်းနှီးမြှုပ်နှံထားတဲ့ Validator ရဲ့ တည်ရှိမှုကို မွမ်းမံထားတဲ့ Proof of Stake ဖြစ်ပါတယ်။ တရားဝင်အထောက်အထားရှိသူတွေရဲ့ အထောက်အထားတွေကို အတည်ပြုဖို့ အတွက် တရားဝင်စာရွက်စာတမ်းတွေကို အသုံးပြုပါတယ်။ Validator stake တွေဟာ Blockchain ကွန်ရက်မှာ သူတို့ကွန်ရက်ရဲ့ ဂုဏ်သတင်းကို ရရှိစေပါတယ်။ ဒါကြောင့် Proof of Authority မှာ Block သစ်တွေ ဖန်တီးဖို့ နာမည်ကို ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါကြောင့် Proof of Authority မှာ Nodes ကပဲ Block သစ်တွေကို ဖန်တီးခွင့်ပြုတာ ဖြစ်သလို သူတို့ကပဲ Validators ဖြစ်လာပါတယ်။ Stake မှာ သက်သေ အထောက်အထားခိုင်လုံတဲ့ Validators တွေက Blockchain ကွန်ရက်ကို လုံခြုံအောင် လှုံဆော်ပေးသူတွေ ဖြစ်လာပါတယ်။
၈။Proof of Activity
Proof of Activity ဟာ Proof of Work နဲ့ Proof of Stake ကိုပေါင်းစည်းထားတာဖြစ်ပါတယ်။ Proof of Activity က Miner တွေကို ပဟေဠိတွေ ဖြေရှင်းပြီး ဆုတွေကို စုဆောင်းဖို့ စိန်ခေါ်ပါတယ်။ Proof of Activity block တွေဟာ Mining reward addresse နဲ့ Header data ပါဝင်တဲ့ ရိုးရိုးရှင်းရှင်း Templates တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Validators ကျပန်းအဖွဲ့က Block ကို Sign လုပ်ဖို့ ရွေးချယ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုများတဲ့ Validators ကတော့ Block သစ်ကို Signing လုပ်ဖို့အခွင့်အလမ်း ပိုများပါတယ်။ ရွေးချယ်ထားတဲ့ Validators က Sign လုပ်လိုက်တာနဲ့ Block သစ် ကလည်း ကွန်ရက်ကို ချိတ်ဆက် လိုက်ပါတယ်။ အကယ်၍ Validators အများအပြားက Block ကို Sign မလုပ်ရင် အဲ့ဒါကို ဖျက်ဆီးပြီး Block အသစ်ကို အသုံးပြုပါတယ်။ အနိုင်ရတဲ့ Miner က Network fees ကို Validators နဲ့ ခွဲဝေပါတယ်။
Blockchain အသုံးပြုမှုကိစ္စများ
Banking
Blockchain တွေဟာ လုံခြုံစွာ ဖန်တီးနိုင်ပါတယ်။ လှုပ်ရှားမှုကို တုံ့ပြန်လွယ်တဲ့ Tamper-proof trial ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် စံပြလည်း ဖြစ်စေပါတယ်။ ဥပမာအားဖြင့် Santander က ကမ္ဘာ့ပထမဆုံး Blockchain-based ငွေလွှဲဝန်ဆောင်မှုကို ၂၀၁၈ခုနှစ် ဧပြီလမှာ စတင် ခဲ့တာမျိုးပါ။ “Santander One Pay FX” ဝန်ဆောင်မှုဟာ နေ့ချင်း၊ ဒါမှမဟုတ် နောက်တစ်ရက်မှာပဲ နိုင်ငံတကာ ငွေလွှဲမှုတွေကို လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ဖို့ Ripple ရဲ့ Current ကို အသုံးပြုထားပါတယ်။ ပြောရမယ်ဆိုရင်တော့ Santander ဟာ Blockchain က လုပ်ငန်းစဉ် တစ်ခုလုံးကို အလိုအလျောက် လုပ်ဆောင်စေခြင်းနဲ့ ငွေပေးငွေယူတွေမှာ လိုအပ်တဲ့ ကြားခံအရေအတွက်ကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။ အရေပါတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုဖြစ်တဲ့ Santander မှာ ဖောက်သည်တွေဟာ အထူးသဖြင့် နိုင်ငံတကာငွေပေးချေမှုတွေမှာ ပိုမိုမြန်ဆန်ပြီး၊ ပိုမိုဈေးနှုန်းသက်သာတဲ့နှုန်းနဲ့ ပြုလုပ်နိုင်မဲ့ အကျိုးအမြတ်ကို ရရှိပါလိမ့်မယ်။ Blockchain နည်းပညာဟာ ဘဏ်တွေရဲ့ငွေလွှဲမှုကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် လိုအပ်ချက်တွေကို ဖယ်ရှားပြီး ကုန်ကျစရိတ်တွေကို သက်သာစေပါတယ်။
Money Laundering Security
Blockchain ရဲ့ ရှိရင်းစွဲ Encryption က ငွေကြေးခဝါချမှုကို တိုက်ဖျက်ရာမှ အင်မတန် အသုံးဝင်ပါတယ်။ ဒီနည်းပညာဟာ ကုမ္ပဏီတစ်ခုက သူ့ရဲ့ ဖောက်သည်တွေရဲ့ အထောက်အထားတွေကို ဖော်ထုတ်အတည်ပြုတဲ့ လုပ်ငန်းစဉ် ”Know Your Customer (KYC)” မှာ အထောက်အကူပြုတဲ့ မှတ်တမ်းထိန်းသိမ်းမှုကို ကူညီပေးပါတယ်။
Supply Chain Management
ပြောင်းလဲလို့မရနိုင်တဲ့ Blockchain လယ်ဂျာဟာ ထောက်ပံ့ရေးကွင်းဆက်တောက်လျှောက် Item တွေနဲ့ ကုန်ပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီ ခြေရာခံသလိုမျိုးပဲ ဖြစ်ပါတယ်။ Blockchain ကို အသုံးပြုခြင်းဟာ ကုန်ပစ္စည်းတွေနဲ့ Items တွေကို သယ်ဆောင်တဲ့ ကုမ္ပဏီတွေအတွက် ဖြစ်နိုင်ခြေတော်တော်များများကို လမ်းဖွင့်ပေးပါတယ်။ Blockchain တစ်ခုလုံးမှာ Entries တွေကို ထောက်ပံ့ရေးကွင်းဆက်က အဖြစ်အပျက်တွေကို စောင့်ကြည့်ဖို့ သုံးနိုင်ပါတယ်။ တစ်နည်းအားဖြင့် Blockchain ဟာ အသုံးပြုဖို့ ဒေတာခြေရာခံခြင်းကို စုစည်းခြင်းနဲ့ ထည့်သွင်းခြင်းရဲ့ တက်ကြွတဲ့နည်းလမ်းသစ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်သောက်နေတဲ့ကော်ဖီမျိုးလိုပဲ ဘယ်ခြံမှာစိုက်ပြီး ဘယ်လိုမျို supply change မှာ သွားလဲဆိုတာကို data ကို block chain မှာ သိမ်းထားပါတယ်။ ကျွန်တော်တို့နိုင်ငံက စိန်တစ်လုံးသရက်သီးကို AUSTRALIA ကို export လုပ်ချင်တယ် စားသုံးသူက သူရဲ့ QR code ကို ဖတ်လိုက်လိုရင် ဘယ်ခြံကလဲဆိုတာ Google map က ကြည့်လို့ရတယ်။ ဘယ်အပင်ကနေပြီးတော့ ဘယ်နေ့ ဘယ်အချိန်မှာ ဆွတ်ခူးပြီး ဘယ်လိုမျိုးအဆင့်ဆင့် supply change လာလဲဆိုတဲ့ data ကို ဒီခေတ်မှာ ပိုင်ရှင်တွေက သိချင်တယ်။ ဘာလို့သိချင်တာလဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်သောက်တဲ့ ကော်ဖီ၊ သရက်သီး ကျွန်တော်စားတဲ့ ဝက်အူချောင်း Food safely အရ supply change ကို စစ်တာဖြစ်ပါတယ်။ အဲဒီတော့ ဒီ Data အားလုံးကို ကြည့်တယ် ပြင်လို့မရပါဘူး။ အကယ်လို့သာ ကျွန်တော်တို့က supply change ကို Data base မှာက သိမ်းခဲ့ရင် ကျွန်တော်တို့က ကျွန်တော် ဖြစ်ချင်တဲ့ဟာကို ရေးလို့ရတယ် block chain က သူ့နေ့ သူ့အချိန်မှာ ရေးခဲ့တဲ့ data သည် သူ့နေ့ သူ့အချိန်အတိုင်းပဲ အမြဲတမ်း ရှိနေပါတယ်။ အပြောင်းအလဲ မရှိပါဘူး။ Inquire မှာ မြန်ပါတယ်။
Government record management
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရက်စွဲများ၊ အိမ်ထောင်ရေးအခြေအနေနဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းတို့လို တစ်ဦးချင်းဆိုင်ရာ မှတ်တမ်းတွေကို နိုင်ငံတော်၊ ပြည်နယ်နဲ့ဒေသဆိုင်ရာ အစိုးရတွေက ထိန်းသိမ်းထားပါတယ်။ သို့ပေမဲ့ ဒီအချက်အလက်တွေကို စီမံခန့်ခွဲဖို့ခက်ခဲနိုင်ပြီး တစ်ချို့မှတ်တမ်းတွေကတော့ စာရွက်ပေါ်မှာပဲ ရှိနေပါသေးတယ်။ ဒါတင်မကသေးပါဘူး။ တစ်ခါတစ်ရံမှာ နိုင်ငံသားတွေဟာ အပြောင်းအလဲတစ်ခုလောက်လုပ်ဖို့အတွက် သူ့ရဲ့ဒေသန္တရအစိုးရရုံးတွေဆီကို ကိုယ်တိုင်သွားရတာမျိုး ရှိပါတယ်။ Blockchain နည်းပညာကတော့ အချက်အလက်တွေကို ပိုမိုလုံခြုံစေပြီး မှတ်တမ်းထိန်းသိမ်းမှုကိုလည်း ရိုးရိုးရှင်းရှင်းအတိုင်းပဲ ဖြစ်စေနိုင်ပါတယ်။
Voting
Blockchain နည်းပညာဟာ လုံခြုံရေးပိုင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ မေးပေးခြင်းလိုကိစ္စမျိုးမှာ အသုံးချနိုင်တဲ့ အလားအလာရှိတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ Hacker တွေ Terminal ကို ဝင်ရောက်ခွင့်ရခဲ့ရင်တောင်မှ တခြား Node တွေကို မထိခိုက်စေတာကြောင့် Blockchain နည်းပညာကို ဆန့်ဖို့ စွမ်းအားမရှိ ဖြစ်ရပါလိမ့်မယ်။ မဲတစ်ခုစီက ID တစ်ခုစီနဲ့ ဆက်စပ်နေမှာ ဖြစ်ပါတယ်။ ID အတု ဖန်တီးဖို့ မဖြစ်နိုင်တာကြောင့် အစိုးရတာဝန်ရှိသူတွေက မဲတွေကို တိတိကျကျ မှန်မှန်ကန်ကန် ရေတွက်နိုင်ပါလိမ့်မယ်။
Real Estate
ပျှမ်းမျှအားဖြင့် အိမ်ရှင်တွေဟာ သူတို့ရဲ့အိမ်တွေကို ၅နှစ်ကနေ ၇ နှစ်တွေတိုင်းမှာ တစ်ကြိမ် အဖြစ် ရောင်းချလေ့ရှိကြပြီး ပျှမ်းမျှအားဖြင့် လူတွေဟာတစ်နှစ်မှာ ၁၂ ကြိမ်နီးပါး ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့အတူ Blockchain ကလည်း အိမ်ခြံမြေဈေးကွက်အတွက် အကူအညီဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ငွေကြေးကို လျင်လျင်မြန်မြန်စစ်ဆေးတာ၊ Encryption နဲ့ လိမ်လည်မှုကို လျော့ချနိုင်တာ၊ အရောင်အဝယ်ဖြစ်စဉ်တစ်လျှောက် ပွင့်လင်းမြင်သာမှုကို ဖြစ်စေကာစတဲ့ အားသာချက်တွေနဲ့ အိမ်ခြံမြေဈေးကွက် လည်ပတ်မှုကို အရှိန်မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။
DeFi
DeFi ဆိုတာ “Decentralized finance” (ဗဟိုချုပ်ကိုင်ကို လျှော့ချထားတဲ့ ဘဏ္ဍာရေး) ကို ရညွှန်းပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ အများဆိုင် Blockchain ကွန်ရက်မှာ ငွေရေးကြေးရေး ထုတ်ကုန်တွေကို ခွင့်ပြုတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပွဲစား ဒါမှမဟုတ် ဘဏ်တွေကတစ်ဆင့် ဖြတ်သန်းရမဲ့အဆင့်တွေကို ကျော်လွှားနိုင်တာပါ။ အရစ်ကျ၊ ဒါမှမဟုတ် ဘဏ်အကောင့်တွေလို မဟုတ်ဘဲ DeFi ဟာလိပ်စာ၊ အစိုးရက ထုတ်ပေးတဲ့ စာရွက်စာတမ်း၊ ဒါမှမဟုတ် ID စတွေရဲ့ သက်သေခံမှုတွေ မလိုအပ်တော့ပါဘူး။ DeFi ဟာ Blockchains မှာရေးထားတဲ့ Software ကို ခွင့်ပြုတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ချေးယူသူ၊ ဝယ်ယူသူ၊ ငှားသူ၊ ရောင်းသူ စတဲ့သူတွေရဲ့ကြားမှာ တင်းကြပ်တဲ့ Software-base middle man အနေနဲ့ Peer-to-peer ပြုလုပ်နိုင်စေပါတယ်။ ဒါဟာကုမ္ပဏီ ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုနဲ့ လုပ်တာထက် ပိုပြီးလွယ်ကူချောမွေ့စေနိုင်ပါတယ်။ လူကြိုက်များတဲ့ DeFi အမျိုးအစား Application အချို့မှာ DEXs (decentralized exchanges) လည်း ပါဝင်ပါတယ်။ အသုံးပြုသူတွေဟာ enter အတွက် DAI ဒါမှမဟုတ် Bitcoin အတွက် U.S ဒေါ်လာအွန်လိုင်းပေါ်မှာ လဲလှယ်နိုင်ပါတယ်။ DEXs တွေဟာ အသုံးပြုသူတွေအနေနဲ့ ကြားခံကို အားကိုးစရာမလိုဘဲ Cryptocurrencies တွေကို တိုက်ရိုက်ရောင်းဝယ်နိုင်တာ ဖြစ်ပါတယ်။ DEX တွေဟာ အသုံးပြုသူတွေက သူတို့ရဲ့ငွေကို ကြားခံတစ်ဦးမလိုဘဲ အချင်းချင်းရောင်းဝယ်ဖောက်ကားဖို့ အသုံးပြုနိုင်တာကြောင့် ပိုပြီးရေပန်းစားလာပါတယ်။ Stablecoins ကတော့ သူ့ရဲ့ ဈေးနှုန်းတည်ငြိမ်စေဖို့ အတွက် Cryptocurrency ကို ယူရို ဒါမှမဟုတ် ကနေဒါဒေါ်လာလိုမျိုး Non-crypto ငွေကြေးနဲ့ ချိတ်ဆက်ပေးတာပါ။ Lending Platforms ဒီပလက်ဖောင်းတွေကတော့ ချေးငွေလုပ်ငန်းစဉ်မှာ ဘဏ်တွေလို ကြားခံပစ္စည်းတွေကို အစားထိုးဖို့အတွက် Smart contracts တွေကို အသုံးပြုပါတယ်။
Blockchain အတွက် ဘာဆက်ဖြစ်မလဲ
နည်းပညာအတွက် အများကြီးအသုံးဝင်မဲ့ Application တွေက နေရာယူထားပြီး သုတေသန လုပ်နေပါတယ်။ Blockchain ဟာ နောက်ဆုံးမှာတော့ သူ့အတွက် နာမည်တစ်ခုဖြစ်စေခဲ့ပါပြီ။ ဒါဟာ သူ့နည်းပညာဆိုင်ရာ အကျိုးအမြတ်တွေကြောင့်ပါပဲ။ နည်းပညာဝါသနာပါသူတိုင်းရဲ့ နှုတ်ဖျားပေါ်မှာတော့ Blockchain ဟာ အဓိကဝေါဟာရတစ်ခုလို ဖြစ်နေမာပါပဲ။ Blockchain ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးလုပ်ငန်းတွေကို ပိုမိုတိကျ၊ ထိရောက်လုံခြုံပြီး ကုန်ကျစရိတ်သက်သာစေမဲ့ ဖြေရှင်းချက်ကိုပေးနိုင်တဲ့ အလားအလာလည်း ရှိနေတာဖြစ်ပါတယ်။
ဟိန်းမင်းလတ်(ပမန)
References
- Allessie, D., Vaccari, L., & Commission, E. (2019). Blockchain for digital government An assessment of. https://doi.org/10.13140/RG.2.2.34874.85449.
- Atzori, M., & Ph, D. (2015). Blockchain Technology and Decentralized Governance : Is the State Still Necessary ?.
- Cachin, C. (2016). The architecture of the Hyperledger Blockchain Fabric.
- Czepluch, J. S., & Malone, S. (2016). Blockchain – The Gateway to Trust- Free Cryptographic Transactions.
- Damsika, A., Ranasinghe, D., & Kulkarni, D. (2013). A novel mechanism for secure e-tendering in an open electronic network. Proceedings of the 8th International Conference on Computer Science and Education, ICCSE 2013, (Iccse), 545–550. https://doi.org/10.1109/ICCSE.2013.6553970.
