Government Cloud ဝန်ဆောင်မှု
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန သည် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံအဝှမ်းရှိ အစိုးရဌာန အဖွဲ့အစည်းအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် လိုအပ်သည့် Data Center များ တည်ဆောက်ရန်နှင့် စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန်မလိုဘဲ စက်ပစ္စည်းများ ဝယ်ယူမှုကုန်ကျငွေများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ Government Cloud ဝန်ဆောင်မှုအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- ဝန်ကြီးရုံး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မှုပေးပို့ရမည့် လျှောက်ထားလွှာ
- Government Cloud ဝန်ဆောင်မှု လျှောက်ထားသည့်ဝန်ကြီးဌာန၏ တာဝန်ခံအချက်အလက်များ၊ Bill ပေးချေမည့်ပုံစံစသည့်အချက်အလက်များ ပါဝင်သော Government Cloud Service Request Form
ဝန်ဆောင်ခ
Virtual Machine (လစဉ်ကြေး)
- XS1 Package (CPU 2Core & Memory 4GB) - ၄၅,၀၀၀ ကျပ်
- XS2 Package (CPU 2Core & Memory 8GB) - ၈၅,၀၀၀ ကျပ်
- XS3 Package (CPU 2Core & Memory 16GB) - ၁၂၀,၀၀၀ ကျပ်
- S1 Package (CPU 4Core & Memory 8GB) - ၁၀၀,၀၀၀ ကျပ်
- S2 Package (CPU 4Core & Memory 16GB) - ၁၇၀,၀၀၀ ကျပ်
- S3 Package (CPU 4Core & Memory 32GB) - ၂၆၀,၀၀၀ ကျပ်
- M1 Package (CPU 8Core & Memory 16GB) - ၂၂၀,၀၀၀ ကျပ်
- M2 Package (CPU 8Core & Memory 32GB) - ၃၅၀,၀၀၀ ကျပ်
- M3 Package (CPU 8Core & Memory 64GB) - ၅၀၀,၀၀၀ ကျပ်
- L1 Package (CPU 16Core & Memory 32GB) - ၄၅၀,၀၀၀ ကျပ်
- L2 Package (CPU 16Core & Memory 64GB) - ၈၀၀,၀၀၀ ကျပ်
- L3 Package (CPU 16Core & Memory 128GB) - ၁,၀၀၀,၀၀၀ ကျပ်
- XL1 Package (CPU 32Core & Memory 64GB) - ၁,၃၀၀,၀၀၀ ကျပ်
- XL2 Package (CPU 32Core & Memory 128GB) - ၁,၆၀၀,၀၀၀ ကျပ်
- XL3 Package (CPU 32Core & Memory 256GB) - ၂,၀၀၀,၀၀၀ ကျပ်
(အသုံးပြုလိုသည့် Storage ပမာဏအပေါ်မူတည်၍ 1GB လျှင်
လစဉ်ကြေး (HDD - ၂၅ကျပ် နှင့် SSD - ၁၀၀ ကျပ်) နှုန်းထားအား
ပေါင်းထည့်၍ ကောက်ခံသွားမည်ဖြစ်ပါသည်။
Virtual Machine Firewall (လစဉ်ကြေး)
- Virtual Machine Firewall (Small) - ၃၆၂,၀၀၀ ကျပ်
- Virtual Machine Firewall (Medium) - ၈၇၅,၀၀၀ ကျပ်
- Virtual Machine Firewall (Large) – ၁,၇၄၉,၀၀၀ ကျပ်
Secure Remote Connection (လစဉ်ကြေး)
- Secure Remote Connection (1 Acc) - ၃,၄၀၀ ကျပ်
(remark: For Secure Remote Management Only)
လိုအပ်သောစာရွက်စာတမ်းများ
- လျှောက်ထားလွှာ နှင့်
- Government Cloud Service Request Form
လျှောက်ထားရန်အဆင့်များ
လိပ်မှုပါဌာနသို့ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၂) ၊နေပြည်တော်
ဝက်ဘ်ဆိုက်လိပ်စာ
www.moddc.gov.mm
