ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
← ဆောင်းပါးများ

မြန်မာ့စာတိုက်ကို အသုံးပြုလို့ နိုင်ငံတကာသို့ စာ၊ ပစ္စည်းပို့ ကြပါစို့

ယခုခေတ်ကာလတွင် ဈေးကွက်စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍ စသည်တို့တွင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ နေ့စဉ်အပြန်အလှန်ဆောင်ရွက်နေကြ ရပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စီးပ

မြန်မာ့စာတိုက်ကို အသုံးပြုလို့ နိုင်ငံတကာသို့ စာ၊ ပစ္စည်းပို့ ကြပါစို့

ယခုခေတ်ကာလတွင် ဈေးကွက်စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍ စသည်တို့တွင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ နေ့စဉ်အပြန်အလှန်ဆောင်ရွက်နေကြ ရပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ၊ နမူနာပစ္စည်းများစသည်တို့အား ပေးပို့လိုပါကလည်းကောင်း၊ မိမိတို့၏ရောင်းချလိုသည့် ပြည်တွင်း ထွက်ကုန်များ၊ အသေးစား အလတ်စား လုပ်ငန်းရှင်များ၏ ထုတ်ကုန်များအား ပြည်ပသို့ ရောင်းချလိုခြင်းများအတွက် လည်းကောင်း၊ ပညာတော်သင်သွားကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိဘများနှင့် အပြန်အလှန် စားစရာများ၊ စာအုပ်များ၊ အသုံးအဆောင်များ ပေးပို့လိုပါက လည်းကောင်း၊ ပြည်ပတွင် သွားရောက်၍ လုပ်ငန်းတာဝန်ထမ်းဆောင်ကြသူများအနေဖြင့် မိမိတို့၏ မိသားစုများနှင့် ပစ္စည်းများ၊ စားစရာများ အပြန်အလှန်ပေးပို့လိုပါက လည်းကောင်း နိုင်ငံတကာသို့ စာ၊ ပစ္စည်းပေးပို့ပေးမည့် လုပ်ငန်းများကို အသုံးပြုရန် လိုအပ်လာပါသည်။

ထိုသို့ စာ၊ ပစ္စည်းများကို ပေးပို့ရန်လိုအပ်သူများအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း (International Mail) နှင့် အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း (International Express Mail Service – EMS) များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စာတစ်စောင်ပေးပို့မည်ဆိုပါက ရိုးရိုးစာအတွက် အလေးချိန်ပေါ်မူတည်၍ ကျသင့်တံဆိပ်ခေါင်း ကပ်ကာ စာတိုက်များရှေ့ရှိ စာတိုက်ပုံးများနှင့် လမ်းတစ်လျှောက်ရှိ စာတိုက်ပုံးများတွင် ပြည်ပစာများဆိုသည့် စာထည့်ရန်နေရာ၌ ထည့်သွင်း၍ ပေးပို့နိုင်ပါသည်။ မှတ်ပုံတင်၍ ပေးပို့လိုသည့်စာများအတွက် စာတိုက်ကောင်တာတွင် ပြေစာရယူ၍ Tracking Barcode ရယူကာ ပေးပို့နိုင်ပါသည်။ မှတ်ပုံတင်စာ (Registered Mail) ဖြင့် ပေးပို့ပါက  ပေးဝေမှုအခြေအနေကို သိရှိနိုင်ပါသည်။

S10 Barcode

ထို Barcode များသည် ဂဏန်း (၁၃) လုံးပါရှိပြီး သက်ဆိုင်ရာနိုင်ငံများမှ ပေးဝေမှု အခြေအနေများကို ခြေရာခံထောက်လှမ်းနိုင်ပါသည်။ Barcode တွင် အင်္ဂလိပ်အက္ခရာ ရှေ့နှစ်လုံး၊ အလယ်တွင် ဂဏန်း (၉) လုံး နှင့် နောက်ဆုံးတွင် တင်ပို့သည့်နိုင်ငံ၏ Code ပါဝင်ပါသည်။ မြန်မာနိုင်ငံမှ တင်ပို့ပါက (ဥပမာ- RRxxxxxxxxxMM) ဟု ပါရှိပါသည်။ ပြည်တွင်းစာတိုက်လုပ်ငန်းတွင် Tracking စနစ်အတွက် QR Code အသုံးပြုနေသော်လည်း အပြည်ပြည်ဆိုင်ရာအတွက်တွင်မူ တစ်ကမ္ဘာလုံးရှိ UPU- Universal Postal Union အဖွဲ့ဝင် နိုင်ငံများအားလုံးမှ လက်ခံကျင့်သုံးရသော Coding စနစ်ကို ကျင့်သုံးရခြင်းဖြစ်ပြီး S10 Barcode ဟု သတ်မှတ်ခေါ်ဆိုပါသည်။

စာများပေးပို့ရာတွင် အဆင့်များစွာမရှိသော်လည်း ချောထုပ်ပေးပို့ရာတွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ရှိနေပါသည်။ ပထမဆုံးအနေဖြင့် မိမိပေးပို့လိုသောပစ္စည်းများသည် မြန်မာ့စာတိုက်မှ သတ်မှတ်ထားသော တင်ပို့ခွင့်ရှိသည့် ပစ္စည်းများဖြစ်ရန် လိုအပ်သကဲ့သို့ လက်ခံမည့်နိုင်ငံမှ တားမြစ်ထားသော ပစ္စည်းများမဖြစ်ရန်လည်း လိုအပ်ပါသည်။ မည်သည့်ပစ္စည်းကို ပေးပို့လို့ ရသည်/မရသည်ကို www.myanmarpost.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့ တစ်ဘက်နိုင်ငံမှ လက်မခံသည့် ပစ္စည်းများကို Myanmar Post ၏ Facebook messenger သို့ မေးမြန်းခြင်းဖြင့်လည်းကောင်း၊ ၀၆၇-၃၄၂၀၈၈၈ သို့လည်း မေးမြန်းခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။ တင်ပို့ခွင့်မပြုသည့် ပစ္စည်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် သုံးစွဲသူများကို မည်သည့်ပစ္စည်းပို့၍ ရ/မရ ဆိုသည်ကို အတိအလင်းကြေညာနိုင်မှုမရှိခြင်းက အားနည်းချက်တစ်ခု ဖြစ်နေဆဲဖြစ်ပါသည်။

EAD - Electronic Advance Data System

ပေးပို့နိုင်သည့် ပစ္စည်းအား အတည်ပြုပြီးပါက EAD - Electronic Advance Data System တွင် ထည့်သွင်းရပါမည်။ ယင်း EAD system ကို မိမိနေအိမ်မှ Download ဆွဲ၍ စာတိုက်သို့ မလာရောက်မီ ထည့်သွင်းလာနိုင်ပါသည်။ ယင်း System တွင် မိမိတို့၏ မှလိပ်စာ၊ ပေးပို့လိုသည့် သို့လိပ်စာ၊ Zip Code တို့ပါဝင်သည့် လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ email ၊ ပါဝင်ပစ္စည်းများ၏ HS Code (ဥပမာ - ဖိနပ်သည် 640110 ဖြစ်ပြီး - ၎င်း HS Code ကို လွယ်ကူစွာရှာဖွေရန် EAD system တွင် auto generation ပါဝင်ပြီးဖြစ်ပါသည်။)၊ ပစ္စည်းတန်ဖိုး၊ ထုတ်လုပ်သည့်နိုင်ငံ စသည်တို့ပါဝင်ပါသည်။ ယင်းအချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းရန်လည်း အထူးလိုအပ်ပါသည်၊ သို့မဟုတ်ပါက ပစ္စည်း ပေးဝေရာတွင် ကြန့်ကြာနိုင်ပြီး ပြန်လည်ပေးပို့လာခြင်းများ ရှိတတ်ပါသည်။

EAD - Electronic Advance Data System တွင် ဖြည့်သွင်းပြီးပါက System မှ Generate ထုတ်ပေးသော ဂဏန်း (၇) လုံးနှင့် နိုင်ငံ Code ပါသည့် Code နံပါတ်တစ်ခုရရှိမည် (ဥပမာ- xxxxxxxMM) ဖြစ်ပါသည်။ ယင်း Code နံပါတ်အား စာတိုက်ကောင်တာတွင် ပြသလိုက်ပါက ကောင်တာတွင် စောင့်ဆိုင်းရချိန်အား လျော့နည်းစေပြီး အချိန်ကုန် သက်သာစေပါသည်။ နိုင်ငံတကာ အလေ့အထတွင် ယင်းသို့ အချိန်သက်သာစေရန် ဆောင်ရွက်နိုင်သော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံ၌ မကျင့်သုံးနိုင်သေးပါ။