Global Maritime Distress and Safety System – GMDSS
၁။ Global Maritime Distress and Safety System – GMDSS ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေး၏ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်များ၊ သင်္ဘောတိုက်မှုများ၊ မီးလောင်မှုများနှင့် စက်ချို့ယွင်းမှုများကဲ့သို့ အရေးပေါ် အခြေအနေမ
၁။
Global Maritime Distress and Safety System – GMDSS ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေး၏ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်များ၊ သင်္ဘောတိုက်မှုများ၊ မီးလောင်မှုများနှင့် စက်ချို့ယွင်းမှုများကဲ့သို့ အရေးပေါ် အခြေအနေများဖြစ်ပွားနိုင်သည့် နေရာလည်းဖြစ်ပါသည်။ ထိုကဲ့သို့သောအန္တရာယ်များအတွင်း လူ့အသက်ကို အမြန်ဆုံးကယ်ဆယ်နိုင်ရန်အတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသောစနစ်မှာ Global Maritime Distress and Safety System – GMDSSဖြစ်ပါသည်။
၂။
GMDSS စနစ်သည် Safety of Life at Sea (SOLAS) ဟူသော အခြေခံရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်ဖွဲ့စည်းထားသော နိုင်ငံတကာရေကြောင်းလုံခြုံရေးစနစ်ဖြစ်သည်။ Safety of Life at Sea ဆိုသည်မှာ "ပင်လယ်ပြင်ရှိ လူ့အသက်များ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်း"ဟု အဓိပ္ပာယ်ရပြီး၊ သင်္ဘောပေါ်ရှိ ခရီးသည်များ၊ သင်္ဘောသားများနှင့် ပင်လယ်ပြင်တွင်သွားလာနေသူများ၏ အသက်အန္တရာယ်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ SOLAS Convention သည် နိုင်ငံတကာရေကြောင်းလုံခြုံရေးဆိုင်ရာ အရေးအကြီးဆုံး သဘောတူစာချုပ်ဖြစ်ပြီး SOLAS Convention အရ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ GMDSS စနစ်ကို မဖြစ်မနေအသုံးပြုရ မည်ဟု ပြဋ္ဌာန်းထားပါသည်။ ယင်းကြောင့် သင်္ဘောများအနေဖြင့် ပင်လယ်ပြင်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက Distress Alert များကို စက္ကန့်ပိုင်းအတွင်း ကမ်းခြေရှိကယ်ဆယ်ရေးဌာနများ၊ GMDSS စခန်းများနှင့် အနီးအနားရှိသင်္ဘောများထံသို့ပေးပို့နိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စေမည်ဖြစ်ပါသည်။
၃။
GMDSS စနစ်တွင် Very High Frequency (VHF)၊ Medium/High Frequency (MF/HF) Digital Selective Calling (DSC)၊ Navigational Telex (NAVTEX)၊ Emergency Position-Indicating Radio Beacon (EPIRB)၊ Search and Rescue Transponder (SART/AIS-SART)၊ Inmarsat Satellite Communication စသည့် နည်းပညာများကို ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ပါသည်။ ထို့အပြင် သင်္ဘော များအနေဖြင့် GMDSS စခန်းများမှ ထုတ်လွှင့်သည့် မိုးလေဝသခန့်မှန်းချက်နှင့် သတိပေးချက်များ (Meteorological Forecasts and Warnings)၊ ရေကြောင်းသတိပေးချက်များ (Navigational Warnings – Notice to Mariners)၊ မုန်တိုင်းသတိပေးချက်များ (Special Cyclone Warnings) များကိုလည်း အချိန်နှင့်တစ်ပြေးညီ လက်ခံရရှိနိုင်မည်ဖြစ်သည့်အတွက် ပင်လယ်ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးအတွက် အထောက်အကူပြုလျက်ရှိပါသည်။
၄။
မြန်မာနိုင်ငံတွင်လည်း GMDSS စခန်း ၁၉ ခုကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ GMDSS စခန်း ၉ ခု (သန်လျင်၊ မြိတ်၊ ကျောက်ဖြူ၊ ကျိုက္ခမီ၊ သောင်ပြင်၊ ဘူဒင်းချောင်၊ ချောင်းသာ၊ ကော့သောင်းနှင့် ကရသူရိ) တို့ကို တည်ဆောက်ပြီးဖြစ်ကာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်ကို လွှမ်းခြုံနိုင်မည့် ရေဒီယိုဝန်ဆောင်မှုအပြည့်အဝရရှိနိုင်ရန် ကျန်ရှိသည့် GMDSS စခန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက် ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းရေဒီယိုစခန်းများ (GMDSS စခန်းများ) သည် GMDSS စနစ်၏ ရေဒီယိုဝန်ဆောင်မှုအတွက် အရေးပါသောအစိတ်အပိုင်းများအဖြစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ GMDSS စခန်းများ၏ ဝန်ဆောင်မှုများအနေဖြင့် -
(က)
မိုးလေဝသခန့်မှန်းချက်သတင်းများထုတ်လွှင့်ခြင်း၊
Meteorological Forecasts and Warnings
(ခ)ရေကြောင်းသတိပေးချက်ဆိုင်ရာသတင်းများထုတ်လွှင့်ခြင်း၊
Navigational Warnings (Notice to Mariners)
၆
(ဂ)မုန်တိုင်းသတိပေးချက်သတင်းများထုတ်လွှင့်ခြင်း၊
Special Cyclone Warnings
(ဃ)
ဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ လက်ခံပေးပို့ခြင်း၊
Search and Rescue Information တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။
နေ့စဉ် မြန်မာစံတော်ချိန် ၁၅:၄၅ နာရီနှင့် ၂၃:၄၅ နာရီတို့တွင် VHF CH 16 - R/T Frequency 156.8 MHz မှ Pre Announce ပြုလုပ်၍ VHF CH 17 - R/T Frequency 156.85 MHz နှင့် MF/HF - R/T Frequency 8291 kHz မှ အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် တစ်နေ့လျှင် ၂ ကြိမ် အသံလွှင့်၍ ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိပါသည်။ Navigational Telex - NAVTEX မှ National Service အတွက် 490 kHz နှင့် International Service အတွက် 518 kHz တို့မှ တစ်နေ့လျှင် ၆ ကြိမ်ကို သတ်မှတ်ပေးထားသည့် အချိန်ဇယားအတိုင်း အင်္ဂလိပ်ဘာသာဖြင့် Telex Message ထုတ်လွှင့်ပေးလျက်ရှိပါသည်။ အထူးမုန်တိုင်းသတင်းကဲ့သို့ အရေးကြီးမိုးလေဝသသတင်းများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အရေးကြီးသတိပေးချက်များကို သက်ဆိုင်ရာဌာနများမှ လက်ခံရရှိပါက အဆိုပါသတင်းများအား VHF နှင့် MF/HF Radio စက်များမှ ချက်ချင်းအသံလွှင့်၍ ထုတ်ပြန်ကြေညာပြီး NAVTEX စက်မှလည်း Telex Message ဖြင့် ပေးပို့ခြင်းတို့အား ချက်ချင်းလုပ်ဆောင်ပါသည်။
၁၄။
မြန်မာ့ပင်လယ်ပြင် ကမ်းနီး/ကမ်းဝေးတို့တွင်သွားလာနေကြသောရေယာဉ်များနှင့် လေယာဉ်များထံမှ ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ကြောင်း သတင်းအချက်အလက်များ (Distress Alerts) ကို လက်ခံရရှိလာပါက အဆိုပါအချက်အလက်များကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့အစည်းများသို့ အလျင်အမြန်ပေးပို့ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး GMDSS ရေဒီယိုဆက်သွယ်ရေးစနစ်များကို စောင့်ကြည့် ထိန်းသိမ်းခြင်းဖြင့် မြန်မာရေပိုင်နက်အတွင်း ပင်လယ်ရေကြောင်းသွားလာမှုလုံခြုံရေးကို အထောက်အကူပြုလျက်ရှိပါသည်။ GMDSS စနစ်၏ အောင်မြင်မှုသည် နည်းပညာတိုးတက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ သင်္ဘောသားများ၏ ကျွမ်းကျင်မှု၊ GMDSS စခန်းများ၏ အချိန်နှင့်တစ်ပြေးညီတုံ့ပြန် ဆောင်ရွက်မှု၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာမှုတို့ကြောင့် ဖြစ်ပါသည်။ ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဘေးကင်းလုံခြုံရေးအတွက်ရည်ရွယ်၍ ကမ်းရိုးတန်းတစ်လျှောက် ရေဒီယိုစခန်းများထူထောင်ထားရှိသည့်အတွက် မြန်မာ့ပင်လယ်ပြင်အတွင်း သွားလာနေကြသည့် ဒေသခံငါးဖမ်းစက်လှေများ၊ ရေယာဉ်များနှင့်ကုန်တင်သင်္ဘောများအနေဖြင့် မိုးလေဝသခန့်မှန်းချက်များ၊ လေဖိအားနည်းရပ်ဝန်းအပါအဝင် မုန်တိုင်းသတင်းကဲ့သို့ အထူးမိုးလေဝသဘေးအန္တရယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များစသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီရယူနိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်သည့်အတွက် လူနှင့်ကုန်ပစ္စည်းများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ထိရောက်စွာ လျော့ကျစေနိုင်မည် ဖြစ်ပါသည်။
