ဆက်သွယ်ရေးစက်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်လျှောက်ထားခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- ကုမ္ပဏီခေါင်းစည်းဖြင့်လျှောက်ထားလွှာ (Company Letter Head)
- ကုန်ရောင်း/ဝယ်ပြေစာ (Invoice)
- နည်းပညာဆိုင်ရာအချက်အလက်များဖော်ပြထားသော ပစ္စည်း၏ပုံ (Catalouge)
- သက်ဆိုင်ရာဝန်ကြီးဌာန၏ထောက်ခံစာ(လိုအပ်ပါက)
- ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (သို့) ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့်လိုင်စင် (ရရှိထားပါက)
- ကုမ္ပဏီမှတ်ပုံတင်ကဒ်နှင့် အချက်အလက်များ (Extract)
- အသုံးပြုလိုသည့် လှိုင်းနှုန်းနှင့် နေရာ (ရေဒီယို နှင့် ဂြိုဟ်တုစက်ပစ္စည်းများအတွက်) (Frequency usage)
- Specific Absorption Rate (SAR) စိစစ်ချက်မှတ်တမ်း (မိုဘိုင်း SIM Card အသုံးပြုသည့် စက်ပစ္စည်းများအတွက်သာ) (Regulator မှ နည်းပညာပိုင်းဆိုင်ရာ Type Approval မပေးနိုင်မီကာလတွင် ICNIRP-International Commission on Non-Ionizing Radiation Protection ၊ FCC-Federal Communication Commission အစရှိသည့် International standard setting body မှ သတ်မှတ်ပြဋ္ဌာန်းထားသော Specific Absorption Rate = 2.0 w/kg အတွင်းရှိကြောင်း Laboratory တစ်ခုခုမှ Test Report )
- ကုန်စည်လိုင်းနံပါတ် Harmonized System Code (HS Code)/ ASEAN Harmonized Tariff Nonmenclature(AHTN)အား ထည့်သွင်းဖော်ပြရန်
ဝန်ဆောင်ခ
မရှိပါ။
လျှောက်ထားရန်အဆင့်များ
ညွှန်ကြားရေးမှူးချုပ်ထံသို့လိပ်မူ၍
လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်။
ဝက်ဘ်ဆိုက်လိပ်စာ
https://ptd.gov.mm/ServicesDetail.aspx?id=W5nELJRP5rSRnlRkB5nA8A==
