ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဆက်သွယ်ရေးစက်ပစ္စည်းများ ယာယီတင်သွင်းခွင့် လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • လျှောက်ထားလွှာ (တင်သွင်းလိုသည့် အကြောင်းအရင်း အပြည့်စုံနှင့်အချိန်ကာလဖော်ပြရန်)
    • ကုန်ရောင်း/ဝယ်ပြေစာ (သို့မဟုတ်) စက်ပစ္စည်းစာရင်း (ပစ္စည်း ၁ခုချင်းဆီ၏ Brand Name ၊ Model No နှင့် Quantity ဖော်ပြရန်)
    • နည်းပညာဆိုင်ရာ အချက်အလက်များ ဖော်ပြထားသော စက်ပစ္စည်း၏ကတ်တလော့
    • အသုံးပြုလိုသည့် ရေဒီယိုလှိုင်းနှုန်းနှင့် အသုံးပြုမည့်နေရာ (ရေဒီယို ဆက်သွယ်ရေးစက်ပစ္စည်းများ နှင့် ဂြိုဟ်တု ဆက်သွယ်ရေး စက်ပစ္စည်း များအတွက်)
    • သက်ဆိုင်ရာဝန်ကြီးဌာန၏ထောက်ခံစာ(လိုအပ်ပါက)
    • ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(သို့)
  • ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့်လိုင်စင်(ရရှိထားပါက)
    • ကုမ္ပဏီမှတ်ပုံတင်ကဒ်နှင့် အချက်အလက်များ (Extract)
    • နိုင်ငံတကာအသိအမှတ်ပြု Test Lab များမှ စစ်ဆေးထုတ်ပေး ထားသော Specific Absorption Rate (SAR) စစ်ဆေးမှုမှတ်တမ်း (မိုဘိုင်းဖုန်းဟန်းဆက်များ အတွက်သာ)
    • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့် (မိတ္တူမှန်) (MIC သို့ ဆက်လက်တင်ပြရမည်ဆိုပါက)

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

ညွှန်ကြားရေးမှူးချုပ်ထံသို့လိပ်မူ၍

လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်။

ဝက်ဘ်ဆိုက်လိပ်စာ

https://ptd.gov.mm/ServicesDetail.aspx?id=W5nELJRP5rSRnlRkB5nA8A==