အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုခွင့်
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
| လျှောက်လွှာအသုံးပြုလိုသည့်လှိုင်းနှုန်း၊ Bandwidthတည်နေရာ (လတ္တီကျု့နှင့် လောင်ဂျီကျု့)မှတ်ပုံတင်မိတ္တူ(နိုင်ငံသား)၊ပတ်စပို့နှင့်ဗီဇာမိတ္တူ (နိုင်ငံခြားသား)အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်းများ၏ Product Catalogueအသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်းများအတွက် ဤဦးစီးဌာနမှ ထုတ်ပေးထား သည့် တင်သွင်းခွင့်ထောက်ခံချက်သက်ဆိုင်ရာဝန်ကြီးဌာန/ဦးစီးဌာန/အဖွဲ့အစည်း၏ ထောက်ခံချက် အနိမ့်ဆုံးအပျော်တမ်းရေဒီယိုအရည်အချင်းကို အခြေခံသည့် အောင်လက်မှတ်ရရှိရန် လုပ်ငန်းကျွမ်းကျင်မှုနှင့်နည်းပညာ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးသူဖြစ်ရမည်။ အခ ငွေကြေးရရှိရန် အတွက်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စ ရပ်များကိုဖြစ်စေ၊ ကိုယ်တိုင်လေ့ကျင့်ရန် ဖြစ်စေ၊ အပြန်အလှန် ဆက်သွယ်မှုပြုခြင်းနှင့် ရေဒီယိုနည်းပညာ အသုံးချနိုင်မှုကို စစ်ဆေးရန်ဖြစ်စေ ရည်ရွယ်သည့်ကိစ္စများအတွက်သာ အပျော် တမ်းရေဒီယို စခန်း များအချင်းချင်း ပြည်တွင်းနှင့် နိုင်ငံတကာ ဆက်သွယ်မှုပြုခြင်းသာဖြစ်ရမည်။ အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုခွင့်အဖြစ် သီးသန့်ခွင့်ပြုထားခြင်း မရှိသေးပါ။ လျှောက်ထား လာပါက စိစစ်၍ ယာယီလှိုင်းနှုန်းခွင်အသုံးပြုခွင့်အနေဖြင့်သာ ခွင့်ပြုပါသည်။ |
ဝန်ဆောင်ခ
https://ptd.gov.mm/ServicesDetail.aspx?id=LUKdZ6dcujUriHlPirNYSQ==
လျှောက်ထားရန်အဆင့်များ
လိပ်မူပါဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ
ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်
ဝက်ဘ်ဆိုက်လိပ်စာ
