5G ဆိုသည်မှာ
5G ဆိုသည်မှာမိုဘိုင်းကွန်ရက်၏ ပဥ္စမမြောက် မျိုးဆက် (5th Generation) ဖြစ်ပါသည်။ ၎င်း မတိုင်ခင် 1G,2G,3G,4G ဆိုသည့် မျိုးဆက်အလိုက် ကွန်ရက်များရှိပြီ 5G သည် ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှု၏ အင်တာနက်အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်း ပိုမ
5G ဆိုသည်မှာမိုဘိုင်းကွန်ရက်၏ ပဥ္စမမြောက် မျိုးဆက် (5th Generation) ဖြစ်ပါသည်။ ၎င်း မတိုင်ခင် 1G,2G,3G,4G ဆိုသည့် မျိုးဆက်အလိုက် ကွန်ရက်များရှိပြီ 5G သည် ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှု၏ အင်တာနက်အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်း ပိုမိုမြန်ဆန်လာစေရန် တီထွင်ထားသော ဆယ်လူလာနည်းပညာ၏ နောက်ဆုံးပေါ်နည်းပညာဖြစ်ပါသည်။
5G နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့်အခါမှာ အင်တာနက်မြန်နှုန်း အလွန်မြင့်လာပြီး၊ ဒေတာတွေ အကူးအပြောင်းလုပ်သည့်အခါ နှောင့်နှေးမှုနည်းလာခြင်း၊ သုံးစွဲသူများအနေဖြင့် ရရှိသည့်လိုင်းစွဲအားတူလာခြင်း အစရှိသည်တို့ကြောင့် မိုဘိုင်းဒေတာနှင့် ချိတ်ဆက်ရသော စီးပွားရေးလုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်များ ချောမွေ့လာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တိုးတက်လာခြင်း၊ စိုက်ပျိုးမွေးမြူရေး၊ logistics နှင့် ပတ်သက်သောလုပ်ငန်းများ ပိုမိုချောမွေ့လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်သည်။
5G နည်းပညာက ဘယ်လို အလုပ်လုပ်သလဲ စတုတ္ထမျိုးဆက် (4G) Long-Term Evolution (LTE) ကြိုးမဲ့နည်းပညာသည် 5G အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ 5G နည်းပညာကို အလွန်ခေတ်မီဆန်းပြားသည့် ကွန်ရက်စနစ်၏ သဘောသဘာဝနှင့် တည်ဆောက်ပုံများဖြင့် လုပ်ဆောင်မှာဖြစ်ပါသည်။ 5G New Radio ဟု ခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ 5G ကြိုးမဲ့ လေထုတွင်း ဆက်သွယ်မှုစံနှုန်းသည် 4G တုန်းက အသုံးမပြုခဲ့သည့် နယ်ပယ်အသစ်တစ်ခုဖြစ်ပါသည်။ အန်တန်နာအသစ်များသည် multiple
input/ multiple output MIMO (မီမို) ဟု လူသိများသည့် နည်းပညာနှင့် ပေါင်းစပ်သွားမှာဖြစ်ပါသည်။ 5G ကတော့ မြန်လှပါတယ်ဆိုသည့် MIMO ထက် ပိုကောင်းသည့် နည်းပညာကို အသုံးပြုထားပါသည်။ Massive MIMO ဟုခေါ်ပြီး သာမန် MIMO တစ်ခုတွင် antenna ၂ခုမှ ၅ခုထိ အသုံးပြုပေမယ့် Massive MIMO မှာတော့ antenna ပေါင်း ဆယ်ချီ ရာချီပြီး အသုံးပြုထားပါသည်။ Antenna ပမာဏများခြင်းသည် 5G ကွန်ယက်၏ ဒေတာနှုန်းကို 4G ထက် အဆများစွာ ပိုမြန်လာစေမှာဖြစ်ပါသည်။
5G အသုံးပြုသည့် ရည်ရွယ်ချက်
IMT-2020 target performance အရ
Data Rate -
Peak Data Rate အနေဖြင့် 20Gbps အထိရရှိနိုင်ရန် နှင့် User experienced data rate အနေဖြင့် ပျမ်းမျှ 100 Mbps ရရှိနိုင်ရန် ဖြစ်ပါသည်။
Connection density-1 Kilometer per square ရှိသော အကျယ်အဝန်းတွင် Devices အရေအတွက် One million (106) ခန့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဖြစ်သည်။
Mobility & Latency -Mobility speed rate အနေဖြင့် 500Km/h အထိထောက်ပံ့ပေးနိုင်ရန် (Applicable to support High Speed Railways, Drone, …etc) နှင့် end-to-end network latency မှာ 10ms ထက်နည်းပြီးတော့ Air interface မှာ 1ms ထက် နည်းစေရန်ဖြစ်သည်။
3GPP ကဲ့သို့သော အဖွဲ့အစည်းများမှ IMT 2020 standardization ပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆောင်ရွက်နေကြကာ သတ်မှတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Enhanced Mobile Broadband (eMBB), Massive Machine Type Communications (mMTC), Ultra-Reliable and Low latency Communications (uRLLC) ဟူသော 5G usage scenarios သုံးပိုင်း ရှိပါသည်။
ထို့အပြင် 5G သည် စမတ်ဖုန်းအတွက် Wi-Fi ကွန်ရက်များနှင့် ဂြိုလ်တု ဆက်သွယ်ရေး များတွင် လက်ရှိ အသုံးပြုနေသည့် တူညီသော ရေဒီယိုကြိမ်နှုန်းများပေါ်တွင် အလုပ်လုပ်သော်လည်း ၎င်းသည် နည်းပညာကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။ စက္ကန့်ပိုင်းအတွင်း HD ရုပ်ရှင်တစ်ကားကို ဖုန်းသို့ ဒေါင်းလုဒ်ဆွဲနိုင်သည့်အပြင် 5G သည် နေရာတိုင်းတွင် အရာခပ်သိမ်းကို ချိတ်ဆက်နိုင်ပါသည်။
5G အတွက် လှိုင်းနှုန်းစဉ်အသုံးပြုမှုများ
5G အနေဖြင့် ထောက်ပံ့ပေးနိုင်ရန် Enhanced Mobile Broadband (eMBB)၊ Ultra-reliable Low Latency (URLLC)၊ Massive Machine Type Communications (mMTC) ဟူ၍ ဝန်ဆောင်မှုလိုအပ်ချက်အရ သတ်မှတ်ထားသည့် အလျောက် Frequency spectrum bands အသုံးပြုမှုသည်လည်း ဝန်ဆောင်မှု လိုအပ်ချက်အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
ယေဘူယျအားဖြင့် Low band ဟုခေါ်ဆိုသော 1GHz အောက် Frequencies များသည် ကွန်ယက်ဖြန့်ကျက်မှုအပိုင်းတွင် ကောင်းမွန်သောကြောင့် မြို့ပြ၊ ဆင်ခြေဖုံးနှင့် ကျေးလက်ဒေသများတွင် 5G ကွန်ယက်လွှမ်းခြုံမှုနှင့် IoT services ဆိုင်ရာဝန်ဆောင်မှုများကို ထောက်ပံ့ရန် သင့်လျော်ပြီး အဆောက်အဦးအတွင်း Signal ထိုးဖောက်မှု အားကောင်းမည် ဖြစ်ပါသည်။
Mid Band သည် Low band Frequency ထက်ပို၍ အသုံးပြုနိုင်သော Spectrum Resources ပိုမိုများပြားကာ Carrier Frequencies (or) Channel Bandwidth သည်လည်း ပိုမိုထောက်ပံ့ပေးနိုင်ပါသည်။ ထို့အပြင် High Band နှင့် နှိုင်းယှဉ်ပါကလည်း ကွန်ယက်ဖြန့်ကျက်မှု အပိုင်းတွင် ပိုမိုကျယ်ပြန့်ပါသည်။ Coverage နှင့် Capacity ကို ညီမျှစွာ ထောက်ပံ့နိုင်မည်ဖြစ်သောကြောင့် 5G Network ကို အကောင်အထည်ဖော်ဆောင်ရွက်သော ကနဦးကာလအတွက် အလွန်အရေးကြီးသော spectrum bands ဖြစ်ပါသည်။ အထူးသဖြင့် Mid Band တွင်ပါဝင်သော C-band (3.5GHz Band) သည် Asian ဒေသအတွင်း 5G ဝန်ဆောင်မှုပေးရန်အတွက် အလားအလာရှိသော အဓိက Frequency band အမျိုးအစားဖြစ်ပါသည်။
High Band သည် Low Band နှင့် Mid Band နှစ်ခုစလုံးထက်ပို၍ အသုံးပြုနိုင်သော Spectrum Resources ပိုမိုများပြားသော်လည်း High Frequency ဖြစ်သောကြောင့် ကွန်ယက် ဖြန့်ကျက်မှုအပိုင်းတွင် Coverage Area အနေဖြင့် များစွာ မကျယ်ပြန့်နိုင်ပေ။ သို့သော်လည်း Capacity ထောက်ပံ့မှုပမာဏ အလွန်ကောင်းမွန်သောကြောင့် Short-Range (E.g. Hotspot Area) နှင့် low latencies လိုအပ်သည့် Ultra-high-speed ဝန်ဆောင်မှုများအတွက် သင့်လျော်မည် ဖြစ်သည်။
3GPP မှ Release 15 တွင် 5G အတွက် Frequencies Range – FR1 နှင့် FR2 ဟူ၍ နှစ်မျိုးသတ်မှတ်ခဲ့ပါသည်။ FR1 တွင် Frequency Range (450MHz ~ 7125 MHz) အထိပါဝင်ပြီး sub-6 GHz ဟူ၍ ခေါ်ဆိုပါသည်။ FR2 တွင် Frequency Range (24GHz ~ 52GHz) အထိပါဝင်ပြီး mmWave band (သို့) High Frequency band ဟူ၍ ခေါ်ဆိုပါသည်။
Sub-6 GHz ရောင်စဉ်သည် အနိမ့်ဆုံးကြိမ်နှုန်းများပေါ်တွင် အလုပ်လုပ်သောကြောင့် 5G ၏ ထုတ်လွှင့်မှုပိုင်းတွင် သိသာစေပါသည်။ အနိမ့်ကြိမ်နှုန်း ရေဒီယိုလှိုင်းများသည် ရှည်လျားသော အကွာအဝေးကို ဖြတ်၍ နံရံများနှင့် အတားအဆီးများကို ထိုးဖောက် နိုင်သောကြောင့်ဖြစ်သည်။
mmWave (30GHz နှင့် 300Ghz ကြား) သည် အလွန်မြင့်မားသော ကြိမ်နှုန်းရေဒီယိုလှိုင်းများတွင် အလုပ်လုပ်ပါသည်။ ၎င်းသည် 5G ဆက်သွယ်မှုများကို တစ်စက္ကန့်လျှင်မြန်သော gigabits (Gbps) အမြန်နှုန်းဖြင့် ပို့ဆောင်ပေးသော အမြန်နှုန်းကို အသုံးပြုနိုင်သောကြောင့် ဖြစ်ပါသည်။
5G နှင့် အခွင့်အလမ်းများ
5G သည် မြန်ဆန်သောချိတ်ဆက်မှုဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများအား အသုံးပြုမှုအများအပြားနှင့် အသုံးပြုသည့် နေရာများကို ဝန်ဆောင်မှုပေးနိုင်စေပါသည်။ စမတ်ဖုန်း များမှသည် စမတ်စက်ရုံများအထိ 5G သည် လူ့အဖွဲ့အစည်းကို ပိုမိုထက်မြက်သော၊ ပိုမိုလုံခြုံပြီး ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ ခုန်ပျံကျော်လွှားနိုင်စေမည့် ပွင့်လင်းဆန်းသစ် တီထွင်မှုပလက်ဖောင်းဖြစ်ပါသည်။ 5G နည်းပညာဖြင့် ပိုမိုထက်မြက်သော၊ ပိုမိုလုံခြုံပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။
5Gနည်းပညာကို ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ 5G နည်းပညာသည် 4G ထက် ပိုမိုခေတ်မီဆန်းသစ်သည့် နည်းပညာတစ်ရပ်ဖြစ်သည်။ ပိုမိုကောင်းမွန်သည့်လုပ်ဆောင်နိုင်စွမ်း၊ ပိုမိုမြန်ဆန်သော မြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းများကို ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် အသုံးပြုသူများသည် 5G နည်းပညာမှတစ်ဆင့် လုပ်ဆောင်ချက်အသစ်များ၊ ဝန်ဆောင်မှု အသစ်များကို အသုံးပြုနိုင်ပြီး မိမိတို့၏ မိုဘိုင်းဟန်းဆက်များမှတစ်ဆင့် ဖိုက်ဘာကွန်ရက်ဆက်သွယ်ရေး အမြန်နှုန်းများကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် ပြည်တွင်း၌ 5G နည်းပညာကြောင့် အကျိုးကျေးဇူးများစွာရရှိနိုင်သည့် Use Cases များ မရှိသေးခြင်း၊ 5G အသုံးပြုနိုင်သည့် ဟန်းဆက်စျေးနှုန်းများ မြင့်မားခြင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏများစွာ ထည့်ဝင်ရန် လိုအပ်ခြင်း၊ ရင်းနှီးမြှပ်နှံမှုကို ပြန်လည်ရရှိနိုင်မည့်ကာလ မြင့်မားနေသေးခြင်း စသည်တို့အပြင် အခြားနည်းပညာဆိုင်ရာ လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ပြီးမှသာလျင် 5G နည်းပညာကို မြန်မာနိုင်ငံ၌ အသုံးပြုနိုင်မည်ဖြစ်သည်။
Source from Internet, 5G by Ericsson, 5G ဆိုတာဘာလဲ by ရိုဇီအက်စ်။
