ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာ ဦးစီးဌာနသည် အစိုးရ၏ရုံးလုပ်ငန်းစဉ်များ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ထိရောက် မြန်ဆန်စွာ စီမံခန့်ခွဲနိုင်သည့် အစိုးရ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် (Electronic Document Management System - EDMS) ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ EDMS စနစ် အသုံးပြုနည်းသင်တန်း (Administrator and User) များအား ရုံးအမှတ် (၂)၊ နေပြည်တော်ရှိ e-Learning Center တွင်  ၂၈-၉-၂၀၂၆ ရက်နေ့မှ စတင်၍ သင်ကြားပို့ချခဲ့ရာ ၁၅-၁၀-၂၀၂၆ ရက်နေ့အထိ သင်တန်းစုစုပေါင်း  ၆ ကြိမ် သင်တန်းသား စုစုပေါင်း ၄၃၇ ဦး သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။