ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၄
“ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင် ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မြန်မာ့အေအိုင်ခေတ်ဆီ သို့ လျှောက်လှမ်း ရန်အတွက် ပထမဆုံးအနေနှင့် "AILocalization" ဟု ခေါ်သည့် AI ကို မြန်မာမှုပြုရန် လိုပါကြောင်း၊ Developer များ၊ ကုမ္ပဏီများသာမက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ ကျောင်းသားများမှစ၍ နေ့စဉ်ဘဝ တွင် AI နည်းပညာကို လက်လှမ်းမီစွာ၊ အကျိုးရှိစွာ အသုံးချ တတ်လာအောင် ဖန်တီးပေး ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ Digital Literacy၊ Digital Maturity နှင့် AI Literacy၊ AI Maturity ဖွံ့ဖြိုးလာစေရန် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ၊ နည်းပညာရှင် များ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မြန်မာ့ AI ခေတ်သည် ရွှေရောင်လွှမ်းလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့”ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါက်တာတင်ဖုန်းကျော်က ဆောင်ရွက်၍ ဦးအောင်နိုင်ဦး၊ ဒေါက်တာ ဆန်းဆုဆုရည်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဒေါ်ခင်အေးဝင်း၊ ဒေါက်တာဇော်လင်းတို့ က ပါဝင်ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ပြီး ဆွေးနွေးသည့် အချက်များအပေါ်တွင် ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
